ကရင်ပြည်နယ်

Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

RNA_မတ်(၁)၊၂၀၂၅ခုနှစ်။ လေကြောင်းတိုက်ခိုက်မှုကြားက စစ်ကောင်စီတပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့သည့်သတင်း၊ KIA ရဲဘော်များနှင့် TNLA ရဲဘော်များ၏ မြေပြင် ပွက်တိုက်မှု ပဋိပက္ခအခြေများကို မကြီးထွားအောင် လုပ်ဆောင်ရမည်ဆိုသည့်သတင်း၊ လိုင်းဘွဲ့မြို့နယ်က စစ်ဘေးရှောင်များကို ထိုင်းအစိုးရ အကူအညီပေးနေတဲ့ သတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednewsagency #rednews #rna #myanmar #news #burma
Read More
Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးကို BGF သတိပေးထားသောသတင်း၊ ချင်းကောင်စီ (၂) ခုပူးပေါင်းလိုက်သောသတင်း၊ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲသတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednewsagency #rednews #rna
Read More
ယနေ့အတွက် သတင်း

ယနေ့အတွက် သတင်း

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီတပ်ဂိတ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို လူသားဒိုင်းလုပ်တဲ့သတင်း၊ ရိုဟင်ဂျာတွေကို စစ်တွေပို့လိုက်တဲ့ သတင်း၊ လူကုန်ကူးခံရသူတွေ ထပ်ပြီးလွတ်လာဖို့ ရှိသတင်းများကို တက်ဆက်ပေးထားခြင်းဖြစ်သည်။ #RedNewsAgency #REDNEWS #RNA
Read More
တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

ဒီကနေ့ ပြောပြချင်တဲ့ သတင်းတွေကတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရတဲ့ သတင်း၊ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွါသွားကြဖို့ DKBA အမိန့်ထုတ်လိုက်တဲ့သတင်း၊ သစ်ရွက်တွေ၊ ပန်းအစစ်တွေနဲ့ ပုံပေါ်ထားတဲ့ “တော်လှန်ရေး လှေခါးထစ်များ” အနုပညာပြပွဲသတင်းနဲ့ အခြားစိတ်ဝင်စားဖွယ်သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ #rednews #rednewsagency #rna #myanmar #revolution
Read More
လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၁၆) ဦး လက်နက်ချအလင်းဝင်

လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၁၆) ဦး လက်နက်ချအလင်းဝင်

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ ဖာပွန် - ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ၏ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁)ဦး အပါအဝင် တပ်ဖွဲ့ဝင် (၁၆)ဦးသည် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနှင့် ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ ဇန်နဝါရီလ (၇)ရက်နေ့က လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်။ (more…)
Read More
ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။ ကရင်ပြည်နယ်၊ ဖာပွန် - ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၇)ရက် နှင့် (၁၁) ရက်နေ့များတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

"အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ" ဧရာဝတီလင်းပိုင် မြဝတီမကျစေရန် နိုင်ငံ‌အဆင့်အနေဖြင့် စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌ပေါ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့မှုဖြစ်ကာ အကျအဆုံးများနေသည်။ KNLA၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်‌ကြောင်းအပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက  တောက်လျှောက်တိုက်ခိုက်‌သည့်အတွက် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ကျားဖြူစစ်‌‌ကြောင်းမှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်အနေဖြင့် မေလ (၂)ရက်နေ့မှာ ခလရ ၉၄ ယာယီတပ်ရင်းမှူးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးအဆင့် သန့်ဇော်ဝင်းပါ ဒေါနတောင်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။ မြဝတီသို့ရောက်ရှိရန် ကျုံဒိုး-ကိုးတိုင် လမ်းမကြီးလမ်းတစ်လျှောက်တွင် လုံခြုံရေးယူပေးထားသည့် စစ်တပ်လက်အောက်ခံ…
Read More
သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

"တွဲအားလုံးက ခေါင်းဖြစ်နေတာကြောင့် အကြမ်းဖက်စစ်တပ်ကို အချိန်ပြည့် နေရာအနှံ့က ထိုးနှက်တိုက်ခိုက် နေတာကတော့ တော်လှန်ရေးအတွက် အားသာချက်တခုပဲ။ သို့ပေမယ့် လက်ဝှေ့ပွဲတခုလို ထိချက်ပြင်းပြင်းတွေနဲ့ ထိုးနှက်ထားနိုင်ပေမယ့် အသည်းကောင်းတဲ့ ပြိုင်ဘက်အတွက် ပွဲသိမ်းတိုက်ကွက်တခု တော့လိုနေပြီ" ရန်နိုင် နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်သူအားလုံးဟာ အမှန်တရားမြတ်နိုးသူ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် ရရာနည်းနဲ့ အားကုန်သုံးပြီး လုပ်ဆောင်နေကြသူများ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများမှာတော့ တွဲအားလုံးမှာ ခေါင်းပါတဲ့ ရထားတွဲကြီး ဖြစ်နေတာကြောင့် စစ်ကောင်စီအတွက်တော့ ဦးတည်တိုက်ခိုက်ရမယ့် အဖွဲ့အစည်းရယ်လို့မရှိပဲ တနိုင်ငံလုံးကို စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတာ မျက်မြင်ပဲဖြစ်တယ်။ တနိုင်ငံလုံးတိုက်နေရတော့ စစ်ကောင်စီအတွက် အားကုန်ချိနဲ့နေတာလဲ မျက်မြင်ပဲဖြစ်တယ်။ တော်လှန်ရေးအစမှာ မြို့ပြပြောက်ကျားအဖွဲ့တွေအတွက် အရေးပါတဲ့ခေါင်းဆောင် တယောက်အဖြစ် စစ်ကောင်စီက စွပ်ဆွဲပြီး ကို‌ဇေယျာသော်ကို…
Read More
လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

"တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အချိန်မရွေး ပြန်သိမ်းလို့ရတယ်ဆိုတာ အားလုံးအသိဖြစ်သွားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာကိုထင်ထင်ရှားရှားသိလိုက်ရသလို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်" ရန်နိုင် ကရင်ပြည်နယ်မှာ စစ်ကောင်စီကို အဓိကအထောက်အကူပေးပြီး အိမ်ကြက်ခြင်းအိုးမဲသုတ် ခွပ်ပေးနေတဲ့ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ပေးနေတာကတော့ ဗိုလ်မှူးစောချစ်သူဦးဆောင်တဲ့ BGF တပ်ရင်းတွေပဲ ဖြစ်တယ်။ အခြေအနေကို အခြေခံပြီးတော့ ဗိုလ်မှူးစောချစ်သူက မတ်လပထမအပတ်မှာ KNA အဖြစ်သီးခြားရပ်တည်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်တုန်းကတော ဖားအံမှာ BGF တွေက စစ်ကောင်စီတပ်နဲ့အတူ တွေ့ရှိကြရပါတယ်။ မင်အောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်အောက်က BGF (Border Guard Force) အဖြစ်ကနေ လစာမယူတော့ဘူးဆိုပြီး လက်မောင်း ဘက်တံဆိပ်တွေပြောင်းမယ်၊ ကရင်အမျိုးသားတပ်မတော်…
Read More
ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။  ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။  စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More