လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၁၆) ဦး လက်နက်ချအလင်းဝင်

Written by

in

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။
ကရင်ပြည်နယ်၊ ဖာပွန် – ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ၏ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး (၁)ဦး အပါအဝင် တပ်ဖွဲ့ဝင် (၁၆)ဦးသည် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနှင့် ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ ဇန်နဝါရီလ (၇)ရက်နေ့က လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်။

လက်နက်ချ အလင်းဝင်ရောက်လာသည့်သူများနှင့်အတူ (၈၁)မမ စိန်ပြောင်း (၁)လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများ သိမ်းဆည်း လက်ခံရရှိခဲ့ကြောင်း၊ လှဂွန်းပျိုတပ်စခန်းမှာ ဖာပွန်ရှိ တပ်စခန်းများကို ထောက်ပို့ပေးသည့် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး အရေးပါသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်ဟု တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။