Category: ရုပ်သံ
-

၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့
RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ခုနှစ်။စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူ အင်အား (၇၀) ခန့်ပါ စစ်ကောင်းကို BNRA စေတန်တပ်ဖွဲ့နှင့် ဒေသခံတပ်ရင်းများ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဖေဖော်ဝါရီလ (၃) ရက်နေ့က နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြား တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများ အသာစီးရခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။ဖေဖော်ဝါရီလ ၂ ရက်နေ့က မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီလက်အောက်ခံပူးပေါင်းစစ်ကြောင်းသည် မအူကျေးရွာကိုဆင်းပြီး တောပုရွာ(ပျူရွာ) ဝင်ပြီး ပျူများနှင့်ပူးပေါင်းရာ ညောင်ဖြူပြင်စစ်ကောင်စီစခန်းညအိမ်နားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့ မအူသို့ပြန်လည်ထွက်ခွါချိန် နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြားတွင် တော်လှန်ရေးအင်အားစုများက နံနက် ၉ နာရီ ၂၀ မိနစ် ဝန်းကျင်မှ နေ့လယ် ၃ နာရီ ၂၀ မိနစ်ဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိသည်ဟု BNRA စေတန်တပ်ဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။ -

ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော
RNA_ဇန်နဝါရီ(၃၀)၊၂၀၂၄ခုနှစ်။လက်နက်အားကိုးနှင့် အုပ်ချုပ်နေသည့် စစ်တပ် တစတစပြိုလာပြီး အလုံးစုံပြိုကျတော့မည့် အရိပ်အယောင်များ မြင်လာရပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များ၏ အောင်မြင်မှုများသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေကြောင်း BNRA မှ ဗိုလ်နဂါးက ယမန်နေ့ည Facebook Live တွင် ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=jR94_an6zKQ[/embedyt]#RedNewsAgency -

ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ
RNA_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းကို KIA/KPDF များက ဝင်ရောက်တိုက်ခိုက်သိမ်းအပြီးတွင် ဒေသခံပြည်သူတချို့က အောင်သပြေနှင့်အတူ ကြိုဆိုခဲ့ကြပြီး ရဲဘော်များ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။“KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု KPDF တာဝန်ရှိသူတဦးက ဗျူဟာကုန်းတိုက်ပွဲအပြီးတွင် Red News Agecny ကိုပြောကြားထားသည်။ -

စစ်ကောင်စီလက်အောက်ခံများ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများ မီးရှို့ထွက်ပြေး
RAN_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ “ယောချောင်းဗျူဟာကုန်း” နှင့် အနီးအနားရှိစခန်းကုန်းများမှ (၁၂၂) မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ဖျက်ဆီးပြီ စစ်ကောင်စီလက်အောက်ခံများ စစ်သင်္ဘောနှစ်စီးဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့က ထွက်ပြေးသွားကြကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=I3VxqDajiAM[/embedyt]ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနေဖြင့် ဗျူဟာကုန်းများ ထပ်မံစွန့်လွှတ်နေရကြောင်း၊ ရက္ခိုင့်တပ်တော် – AA မှလည်း ထွက်ပြေးသွားသူများနှင့် စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။#RedNewsAgency -

ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်
RNA_ဇန်နဝါရီ(၂၅)၊၂၀၂၄ခုနှစ်။
ချင်းပြည်နယ်အတွင်း တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မွေးရာပါအခွင့်အရေးများအတွက် စစ်ကောင်စီအပါအဝင် အာဏာရှင်မှန်သမျှ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CNO/CNDF အရာရှိတဦးက ပြောကြားထားသည်။
“ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ကျဆုံးဖို့အတွက် ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အဖွဲအစည်းတစ်ခုအတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အာဏာသိမ်းသွားတဲ့ စစ်ကောင်စီအပါအဝင် ထွက်လာနိုင်တဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင် တော်လှန်သွားမယ့်အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ရှေ့တန်းသွားမည့် CNDF ရဲဘော်များကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောထားသည်။
[embedyt] https://www.youtube.com/watch?v=pdRNX5dGMrY[/embedyt]
Red News Agency
-

BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့
RNA_ဇန်နဝါရီ(၂၂)၊၂၀၂၄ခုနှစ်။ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် Southern YSO PDF ကို ကိုရီးယားအခြေစိုက် SYSO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။Southern YSO PDF အနေဖြင့် အဓိက ကူညီပံ့ပိုးသည့်အဖွဲ့က ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထာသည့် ရုပ်သံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြဿနာဖန်တီးနေသာ လူတစုရှိနေသည့်အတွက် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=Jg0ad85LRKA[/embedyt]မြေပြင်လိုအပ်ချက်အရ မဟာမိတ်ပူးပေါင်းတိုက်ခိုက်ရသည်ကို ရှင်းပြသော်လည်း မြေပြင်လိုအပ်ချက်ကို လျစ်လျူရှုငြင်းပယ်ခံခဲ့ရပြီး၊ မြို့နယ် ပကဖ နှင့် စကားချေတင် ပြောဆိုခဲ့ရပါသေးကြောင်း၊ Southern YSO အဖွဲ့သည် BNRA လက်အောက်ခံမဟုတ်မဟုတ်ကြောင်းနှင့် တော်လှန်ရေး လုပ်ငန်းစဉ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့သည်သာဖြစ်သည်ဟု ပြောကြားထားသည်။#RedNewsAgency -

တပ်တွင်းအကြောင်း ပြုံးပြုံးကြီးဖြေကြားသွားသည့် ဒုတိယဗိုလ်မှူးကြီးသက်အောင်
RNA_ဇန်နဝါရီ(၂၀)၊၂၀၂၄ခုနှစ်။တပ်ဖွဲ့စုစည်းမှု၊ တပ်တွင်းစားဝတ်နေရေး အဆင်မပြေမှုများနှင့်အတူ စစ်ကောင်စီတပ်၏တပ်တွင်းအခြေအနေများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်က မန္တလေး PDF ရဲဘော်၏ မေးမြန်းမှုများကို ပြုံးပြုံးကြီး ဖြေကြားသွားသည်။[embedyt] https://www.youtube.com/watch?v=eY4ZJAa9fzc[/embedyt]ဒုတိယဗိုလ်မှူးကြီးသက်အောင်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၇) နာရီ (၃၀) ခန့်တွင် သံဘိုကျေးရွာစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းသိမ်းပိုက်ခံရချိန် အရှင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တပ်တွင်းအကြောင်းများအပါအဝင် အကြောင်းအရာများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်အား မေးမြန်းပြီး အများပြည်သူသိရှိအောင် ယနေ့ ထုတ်ပြန်ထားသည်။#RedNewsAgency -

ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်
RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပတ်သက်ပြီး ယခင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် အဖွဲ့ကိုသာ ပြည်သူများ လက်ခံကြောင်း ဒေသခံပြည်သူများက ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=JH6P8UxWyng[/embedyt]ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို NUG ဦးဆောင်မှုဖြင့် အခြားမြို့နယ်က ဝင်ရောက်စွက်ဖက်နေသည်ကို ဒေသခံများ လက်မခံနိုင်ကြောင်း၊ နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသခံပြည်သူများ၏ သဘောထားဖြင့် ဒေါ်ယဉ်မင်းလှိုင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။#RedNewsAgency -

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ
ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ
RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။
လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
[embedyt] https://www.youtube.com/watch?v=O8D01r0ID_g[/embedyt]
လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင် (၁၆၀၁)ဦးရှိကြောင်း၊ MNDAA နှင့် မဟာမိတ်များထံ စစ်ကောင်စီလက်အောက်ခံ နောက်ဆုံးအသုတ်အနေ ဖြင့်လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ၂၃၈၉ ဦး လက်နက်ချအညံ့ခံပြီးနောက် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်််််််််ကြောင်း၊ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသည့်နေရာများကို ပို့ဆောင်ထားပြီဖြစ်ကြောင်း၊ အလင်းဝင်လာသည့်သူများကိုလည်း ထပ်မံကြိုဆိုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။
#RedNewsAgency
