ရုပ်သံ

နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်သစ်ကူးလက်ဆောင်အဖြစ် စလင်းမြို့နယ်၊ ကံပြားရဲစခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းက ဝေဟင်ဗုံး (၄) လုံးကျဲပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်မှာ ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုရန် သိန်းချီသည့် နိုင်ငံတကာမှ ဧည့်သည်များသည် ယနေ့ည အစောပိုင်းကတည်းက စုဝေးရောက်ရှိနေကြသည်။ ယနေ့ည နှစ်သစ်ကြိုဖို့ Central World ကုန်တိုက် Platinum ကုန်တိုက်နဲ့ Big  C ကုန်တိုက်ကြီးများရှိသော ရတ်ချာဒမရီလမ်းမကြီးတွင် လူဦးရေ သိန်းချီစုဝေးရောက်ရှိလိမ့်မည်ဟု ဒေသခံများက ခန့်မှန်းထားသည်။ Covid -19 ကပ်ရောဂါကြောင့် ထိခိုက်သွားခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားနိုင်ရန်အတွက် ထိုင်းအစိုးရက အထူးကြိုးစားနေပြီး ပြည်ပဧည့်သည်များဝင်ရောက်မှုကိုလည်း များစွာပြေလျော့ပေးထားသောကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံတကာခရီးသွားများဖြင့် စည်ကားလျှက်ရှိနေသည်။ #RedNewsAgency
Read More
အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့ပြောကြားထားမှု RNA_ဒီဇင်ဘာ(၂၉)၊ ၂၀၂၂ ခုနှစ်။ " အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်" လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။ #RedNewsAgency
Read More
မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။ မြေပြင်တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်းက တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က တပ်ဖွဲ့အတွက် မိခင်ကိုအိမ်ဆောက်ပေးမည့် မြေကွက်ရောင်းပြီး သေနတ်တလက်ဝယ်ယူခဲ့ကြောင်း သိရသည်။ မြေကွက်ရောင်းပြီး သိန်း ၂၂၀ တန် M4 သေနတ် တလက်ဝယ်ယူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်‌မတော် တပ်ရင်း (၄)၊ ယင်းမာပင်ခရိုင် အမှတ်-၂၈ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ #RedNewsAgency
Read More
ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာသည့် စစ်ကြောင်းကို Southern YSO PDF အပါအဝင် ရေစကြိုမြို့နယ်တွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြိုင်မြို့နယ်မှ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ #RedNewsAgency
Read More
မကွေးတိုင်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ (၂) ဦးသေဆုံး

မကွေးတိုင်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းကို Pakokku People Defense Force-PPDF အဖွဲ့က ယနေ့ နံနက် (၈) နာရီ ၃၀ မိနစ်ဝန်းကျင်က ကားပေါ်မှနေ၍ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး Pakokku People Defense Force-PPDF တပ်ဖွဲ့မှ ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ #RedNewsAgency 
Read More
ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။ GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet…
Read More
ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ(ပျူစောထီးရွာ) ကိုဈေးရောင်းသွားသူများကို Burma Rangers (ShweBo) အဖွဲ့က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးခြင်းကို မသိကျိုးကျင်ပြု၍ ထပ်မံဝင်ရောက်ဈေးရောင်းချနေသော ပြင်ပဈေးသည်များအား ဒုတိယအကြိမ် ကြိမ်ဒဏ်အပြစ်ပေး၍ ထပ်မံသတိပေးခြင်း။ အထက်ပါကိစ္စနှင့်စပ်လျှင်း၍ ပျူစောထီးနှင့်စစ်ခွေးများ တပ်စွဲထားသော ဟံလင်းကျေးရွာနှင့် ကော့ရွာကျေးရွာတို့အား ပြင်ပဈေးသည်များ ထပ်မံဝင်ရောက်ဈေးရောင်းချခြင်းမပြုရန် နောက်ဆုံးအကြိမ်သတိပေး ထုတ်ပြန်လိုက်ပါသည်" ဟု Burma Rangers (ShweBo) အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း…
Read More
စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိသည့် အသက် (၁၉) နှစ်အရွယ် PDF ရဲဘော်ကိုဝင်းနိုင်မြင့် ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ယနေ့ CDF- KKG ကထုတ်ပြန်ထားသည်။ PDF ရဲဘော်အား ညှဉ်းပမ်းနှိပ်စက်နေသည့် ရုပ်သံမှတ်တမ်းကို စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲတခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖုန်းတလုံးအား သိမ်းဆည်းရမိစဉ် ဖုန်းအတွင်းပါရှိလာသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း Chinland Defense Force - Kalay Kabaw Gangaw - CDF- KKG က ထုတ်ပြန်ထားသည်။ PDF ရဲဘော်သည် အသက် (၁၉) နှစ်ဖြစ်ပြီး အမည် ဝင်းနိုင်မြင့်၊…
Read More