Category: ရုပ်သံ
-
လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်
RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။[embedyt] https://www.youtube.com/watch?v=pbFLDmZ3dS4[/embedyt]ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် အဖွဲ့က ယနေ့ နံနက်ပိုင်းက လားရှိုးဘက်ပို့ဆောင်နေကြောင်း ဒေသတွင်းသတင်များအရ သိရသည်။#RedNewsAgency -

နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန
RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ) Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=sUXxyBKJa7I[/embedyt]ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင် လူငယ် ၅ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြသည့် ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်သားများ မတွေ့အောင် တိုက်ခန်းနောက် အမိုးပေါ်တွင် ပုန်းခိုကာ လွတ်မြောက်လာသူဖြစ်သည်။နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ) Rapper Flexx အသက် (၂၁) နှစ်၏ ဈာပနအခမ်းအနားကို ရဲဘော်ရဲဘက်များ၊ တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။#RedNewsAgency -

“လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”
RNA_ဇန်နဝါရီ(၁)၊၂၀၂၄ခုနှစ်။
NUCC၊ NUG၊ CRPH စသည့် တော်လှန်ရေးဦးဆောင်အဖွဲ့များထံ လူငယ်များ၏ တောင်းဆိုချက်၊ အကြံပြုချက်များသည် တော်လှန်ရေး အရွေ့အတွက်ဖြစ်ကြောင်း တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံပွဲ ပြောရေးဆိုခွင့် ရွေးချယ်ခံရသူ ကိုနေမွန်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောသည်။
လက်ရှိတော်လှန်ရေးတွင် ညီညွတ်ရေးနှင့် ပိုမိုအားကောင်းစွာ တိုက်ပွဲဝင်နိုင်ရေးကို ရှေးရှုပြီး နယ်ပယ် ၁၃ ခုမှ လူငယ် ရဲဘော် ၈၀ ကျော်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ အွန်လိုင်းနှင့် မြေပြင်ပေါင်းဆုံပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
[embedyt] https://www.youtube.com/watch?v=6iJT80DIbJk[/embedyt]
တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံဆွေးနွေးပွဲမှ နွေဦးတော်လှန်ရေးတွင် ဦးဆောင်နေကြသည့် အဖွဲ့အစည်းများထံ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ မှာ တိုက်တွန်းအကြံပြုချက်များကို ပေးပို့ထားကြောင်း သိရသည်။
Red News Agency
-

ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ
RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၃ခုနှစ်။
စစ်ကောင်စီ၏ တပ်မ (၉၉) နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ဒဏ်ရာရစစ်သည်တဦးကို စွန်ပစ်ထားခဲ့သည့်အတွက် MNDAA မှကယ်ထုတ်ခဲ့ရပြီး စစ်ကောင်စီတပ်ကို အရမ်းစိတ်နာကြောင်း ဖွင့်ဟဝန်ခံထားသည်။
စစ်ကောင်စီတပ်မ( ၉၉) လက်အောက် အထူးတပ်ရင်း (၁၅) တွင် တာဝန်ထမ်းဆောင်သော ဆေးတပ်သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ခင်မောင်အိုက်ကို တိုက်ပွဲအတွင်း ဒဏ်ရရှိချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့က စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။
[embedyt] https://www.youtube.com/watch?v=-zJ9qsxuVP4[/embedyt]
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မုံးကိုး ခရိုင်နန်ခုန့်ဒေသတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ စွန်ပစ်ခံ စစ်ကောင်စီတပ်သားကို ကယ်တင်နိုင်ခဲ့ကြောင်း၊ MNDAA မှ ကယ်တင်နိုင်ခဲ့ချိန် ဆေးကုသမှုပေးကာ ပြုစုစောင့်ရှောပ်ခဲ့သည့်အတွက် အလွန်ကျေးဇူးတင်ကြောင်း ပြောကြားထားသည့်ရုပ်သံကို MNDAA ကထုတ်ပြန်ထားသည်။
#RedNewsAgency
https://t.me/rednewsagency/5097
-

NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား
RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=TCZ0pApX1vY[/embedyt]Red News Agency -

စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး
RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။ဒေသတွင်း PDF တပ်ဖွဲ့များကို တိုက်ခိုက်ခံနေရပြီးနောက် စခန်းဝင်တိုက်ခံရမှာကြောက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့်ပျူများ သွေးပျက်ကာ ၂ နှစ်ကြော်တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ စခန်းမှဆုတ်ခွါသွားကြပြီဖြစ်ကြောင်း Phoenix Sagaing တာဝန်ခံက Red News Agency ကိုပြောပြထားသည်။၂ နှစ်ကြော်ကြာ တပ်စွဲထားသည့် မာလဲတောရွာစခန်းမှ စစ်ကောင်စီလက်အောက်ခံများ သုံးမိုင်အကွာမှာရှိသည့် အုန်းတော့ရွာ အမှတ် (၆၀၀၅) တင့်ကားတပ်ရှိရာကို ထွက်ပြေးသွားသည့်အတွက် ဒေသခံ PDF ရဲဘော်များ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြကြောင်း၊ မာလဲတောရွာ ပြည်သူများမှာ လွန်ခဲ့သည့် ၂ နှစ်ကတည်းက စစ်ဘေးရှောင်နေကြရပြီး ရွာတွင်စစ်ကောင်စီတပ်သားများနှင့် ပျူများသာ ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=uPwb5vXU8Bo[/embedyt] -

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ
RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column – တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=KTCAH2BSZUA[/embedyt]ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂ ခု၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြေင်း၊ စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိကြောင်း သိရသည်။#RedNewsAgency -

မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ
RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။[embedyt] https://www.youtube.com/watch?v=uDsQwzbU_zw[/embedyt]#RedNewsAgency -

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်
RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲများထက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးကို မဟန့်တားနိုင်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး – Burma Affairs & Conflict Study ( BACS) အဖွဲ့မှ ကိုမင်းထက်အောင်က ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=xY6nI_3s5t0[/embedyt]
၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီရင်ခံစာကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး – Burma Affairs & Conflict Study ( BACS) က ယခုလအတွင်း ထုတ်ပြန်ထားသည်။
