တာမခံစခန်း

စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

RNA_ဖားကန့်၊ မတ်(၁၈)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံရွာအခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို KIA/KPDF ရဲဘော်များ သိမ်းပိုက်ရရှိထားပြီးနောက် စခန်းကုန်းနှင့်လက်နက်ခဲယမ်းများကို မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည့်အတွက် တာမခံစခန်းကို KIA/KPDF များက မတ်လ (၉) ရက်နေ့ကတည်းက သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ တာမခံစခန်းမှ ဒုတပ်ရင်းမှူး နန္ဒလင်းမှာ ကသိုဏ်းတောင်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ တာမခံစခန်း မစွန့်ခွါမီ တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်သားအလောင်းများပါ တွေ့ရှိခဲ့ကြကြောင်း KPDF သတင်းရင်းမြစ်ထံမှ သိရသည်။ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံများသည် စခန်းစွန့်ခါမှုများနှင့်အတူ ပူးပေါင်းစခန်းများပါ KIA/KPDF များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်မှုများရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံများလည်း သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်မှလေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများရှိခဲ့ကြောင်း၊…
Read More