ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် ဖြိုချဖျက်ဆီးခံရ

RNA_မတ်(၉)၊၂၀၂၄ ခုနှစ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ် ကျောက်တိုင်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက မတ်လ (၈) ရက်နေ့ ည (၁၁) နာရီဝန်းကျင်က ဖြိုချဖျက်ဆီးသွားကြောင်း သိရသည်။

“ညက အဖြိုခံရတာ အခုမနက်တော့ စခတွေ အများကြီး အပေါ်ပိုင်းက ပျက်စီးသွားပြီ အောက်ပိုင်းကျန်သေးတယ်၊ အခု ကန်ကို ပိတ်ထားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတဦးက ပြောသည်။

ဓာတ်ပုံ : ၈၈ မျိုးဆက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့ ၃၂ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံနေ့က ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအထိမ်းအမှတ် ကျောက်တိုင်ကို ဂါရဝပြုခဲ့စဉ် တွေ့ရသည့် မြင်ကွင်း။

#RedNewsAgency

By RNA Editor