ကန်သာယာပြည်သူ့ပန်းခြံ

ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် ဖြိုချဖျက်ဆီးခံရ

ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် ဖြိုချဖျက်ဆီးခံရ

RNA_မတ်(၉)၊၂၀၂၄ ခုနှစ်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ် ကျောက်တိုင်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက မတ်လ (၈) ရက်နေ့ ည (၁၁) နာရီဝန်းကျင်က ဖြိုချဖျက်ဆီးသွားကြောင်း သိရသည်။ "ညက အဖြိုခံရတာ အခုမနက်တော့ စခတွေ အများကြီး အပေါ်ပိုင်းက ပျက်စီးသွားပြီ အောက်ပိုင်းကျန်သေးတယ်၊ အခု ကန်ကို ပိတ်ထားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတဦးက ပြောသည်။ ဓာတ်ပုံ : ၈၈ မျိုးဆက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့ ၃၂ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံနေ့က ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအထိမ်းအမှတ် ကျောက်တိုင်ကို ဂါရဝပြုခဲ့စဉ် တွေ့ရသည့်…
Read More
ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူ အများအပြားကို COVID-19 ကာကွယ်ရေးအတွက် COVID-19 Community Centre North Okkalapa (CCCN)က ဒီဇင်ဘာ ၁၃ ရက်နေ့ညနေက Maskများ လိုက်ဝေခဲ့သည်။ ကန်သာယာပြည့်သူ့ပန်းခြံအတွင်း ကလေးလူကြီးအပါအဝင် အပန်းဖြေသူအများအပြားဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်ကြောင်း၊ COVID-19 ကူးစက်မှုသည်လည်း မြောက်ဥက္ကလာပမြို့တွင် ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သိရသည်။ CCCN သည််မြောက်ဥက္ကလာပမြို့နယ်အတွင်း COVID-19 နှင့် ပတ်သက်ပြီး အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ စျေးနှင့်ပန်းခြံတို့တွင် COVID-19 အသိပညာပေးနှင့်ပတ်သက်ပြီး လိုက်လံလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

ရှစ်လေးလုံး အရေးတော်ပုံ လိုလားချက်များ ယနေ့အချိန်ထိ မရရှိသေးကြောင်း၊ ယနေ့ ရရှိနေသည့် အခွင့်အရေးများနှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ၈၈ မျိုးဆက် ဦးစိုးလွင်ကလည်း အမှတ်တရ စကားများပြောကြားခဲ့သည်။ ”အရေးတော်ပုံကြီး တိုက်ပွဲ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေး စသော ပြည်သူ့လူထု၏ ဆန္ဒသည် ယနေ့အချိန်ထိ မခံစားရသေးပါဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှုလမ်းစဉ်များသည် စစ်အာဏာရှင် သဏ္ဍာန်များနှင့် ထပ်တူကျလှပြီလို့ လေ့လာတွေ့ရှိရပါသည်” ဟု ကိုငြိမ်းချမ်း (နိုင်ငံရေးအကျဉ်းသားဟောင်း) က မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ရက်က ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်မြောက်အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံးအရေးတော်ပုံ…
Read More