26
Nov
RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖရာခါနွန်ရပ်ကွက်ရှိ ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနီးဝန်းကျင်ရှိ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းမှု လုပ်ဆောင်ထားရကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လည် (၂) နာရီ (၅၀) မိနစ်ဝန်းကျင်က ဘန်ချက် ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး စက်ရုံအနီး ဆူကူဗစ်လမ်းမတစ်လျှောက်ကို ပိတ်ထားရကြောင်း၊ ခရီးသွားပြည်သူအနေဖြင့် ယင်းနေရာအား ရှောင်ကွင်းသွားလာရန် တာဝန်ရှိသူများက အသိပေးနှိုးဆော်ထားသည်။ ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှုအပေါ် မီးသတ်အဖွဲ့က ထိန်းထားနိုင်ကြောင်း၊ စက်ရုံဝင်းအတွင်းမှာ အလုပ်သမားများအားလုံးကို ကယ်ဆယ်ရေးသမားများက ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ (၃) ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။