အချုပ်ခန်းဖောက်ပြေး

စစ်မှုထမ်းအတွက်ဟုဆိုကာ မတရားဖမ်းဆီးခံထားရသူ (၁၀) ဦး အချုပ်ဖောက်ထွက်ပြေး လွတ်မြောက်

စစ်မှုထမ်းအတွက်ဟုဆိုကာ မတရားဖမ်းဆီးခံထားရသူ (၁၀) ဦး အချုပ်ဖောက်ထွက်ပြေး လွတ်မြောက်

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အချုပ်ခန်း (အထက်တန်းကျောင်းအတွင်း) တွင် စစ်မှုထမ်းအတွက်ဟုဆိုတာ မတရားဖမ်းဆီးခံထားရသော လူငယ် (၁၀) ဦး ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က အချုပ်ခန်းဖောက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ရေဦးမြို့ရှိ အချုပ်ခန်းတွင် မတရားဖမ်းဆီးခံထားရပြီး ထွက်ပြေးလွတ်မြောက်လာသော လူငယ် (၁၀) ဦးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွတ်မြောက်နယ်မြေတနေရာတွင် ထိန်းသိမ်းစောက်ရှောက်ထားသည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ အသိပေးထုတ်ပြန်ထားသည်။ (more…)
Read More