19
Nov
RNA_နိုဝင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ (ဂျီနိုဆိုက်) ကျူးလွန်ခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု (မြန်မာစစ်တပ်) ၏ အကြမ်းဖက်မှုများကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် မြန်မာအာဏာပိုင်များက ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကျူးလွန်မှု၌ အပြစ်ရှိကြောင်း နိုင်ငံတကာတရားရုံး (ICJ) က ယနေ့ (နိုဝင်ဘာ ၁၉ ရက်) အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။ ကုလသမဂ္ဂလက်အောက်ခံ ICJ တရားရုံး၏ အပြီးသတ် အမိန့်ချမှတ်မှုအပေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ယခုဆုံးဖြတ်ချက်သည် မြန်မာ့သမိုင်းအတွက် အရေးပါသည့် အချို့အကွေ့ တစ်ခုဖြစ်ခဲ့ပြီး မြန်မာအာဏာပိုင်များအနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အခြားနိုင်ငံများအနေဖြင့်လည်း…