RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ရေးလုပ်ရှားနေသော Local PDF (၄) ဖွဲ့သည် “ပုဂံညီနောင် စစ်ကြောင်း” အဖြစ် ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ယနေ့ (နိုဝင်ဘာ ၂၃ ရက်)မှ စတင်ကာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကွပ်ကဲမှုကို ခံယူကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။



ညောင်ဦးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော Black Eagle PDF၊ Bagan Nyaung Oo Special Task Force PDF၊ အရိန္ဒမာ PDF နှင့် ရန်ကြီးအောင် PDF တို့သည် “ပုဂံညီနောင် စစ်ကြောင်း” အဖြစ် ပူးပေါင်းဖွဲ့စည်းပြီးနောက် မြို့နယ် ပကဖ ကွပ်ကဲမှု ခံယူလိုက်ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
#REDNEWS #RedNewsAgency #RNA