Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးပါက ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

    ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးပါက ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

    RNA_စက်တင်ဘာ(၆)၊၂၀၂၅ခုနှစ်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးပါက ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာမဟုတ်ဘူးဟု အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထန်းလင်း (ခ) Kim Aris နှင့် အွန်လိုင်းမှ တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု သိရသည်။

    “မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris ကလူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးထားသည်။

    AA စစ်ဦးစီးချုပ်နှင့် တပ်များသည် အချိန်တိုအတွင်း ရရှိခဲ့သည့် အအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း၊ ရခိုင်ပြည်သူများကြုံတွေ့နေရသည့် ပဋိပက္ခနှင့် စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပိုမိုသိရှိခဲ့ရသည် ကိုထိန်းလင်း (ခ) Kim Aris ကပြောကြားထားသည်။

    AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ကိုထိန်းလင်း (ခ) Kim Aris တို့သည် ယုံကြည်ရသည့် မိတ်ဆွေများအဖြစ် ရှိနေပြီး၊ တစ်ဦးကို တစ်ဦး ပံ့ပိုကူညီရန်နှင့် လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားရန် သဘောတူခဲ့ကြသည်ဟု ကိုထိန်းလင်း (ခ) Kim Aris ကအသိပေးထားသည်။

    #RedNewsAgency #REDNEWS #RNA

  • မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

    မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

    RNA_စက်တင်ဘာ(၂)၊၂၀၂၅ခုနှစ်။

    မွန်ပြည်တော်လှန်ရေးတပ် – MSRF အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်( တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲနှင့် သရက်ချောင်းမြို့နယ်အထိ ဖြန့်ကျက်ကာ တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နေသည်ဟု သိရသည်။

    မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးသုံးနှစ်ပြည့် ( ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်) အစီရင်ခံစာတွင် စစ်ဆင်ရေးများ အရှန်မြှင့်ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နှင့် ညီနောင်တပ်ဖွဲ့ အဖြစ် ဖွဲ့နိုင်ခြင်းများ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ တိုက်ပွဲပေါင်း ၃၁ ပွဲ ဖော်ဆောင်နိုင်မှုအခြေအနေစသည့် စစ်ရေးအခြေအနေများများကို ဖော်ပြထားသည်။

    (more…)

  • အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

    အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

    RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။

    အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို မိုပိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဟု KNU က ပြောကြားလိုက်သည်။

    (more…)

  • စစ်မှုထမ်းဟောင်းတစ်ဦး မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းခိုင်းသည့်အတွက် PDF ထံအလင်းဝင်

    စစ်မှုထမ်းဟောင်းတစ်ဦး မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းခိုင်းသည့်အတွက် PDF ထံအလင်းဝင်

    RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် လူငယ်များကို အဓမ္မစစ်မှုထမ်းရှေ့တန်းပို့နေသည့်အပြင် စစ်မှုထမ်းဟောင်းကိုပါ မတရားဖမ်းဆီးပြီး စစ်မှုပြန်ထမ်းခိုင်းပြီး ရှေ့တန်းပို့သည့်အတွက် အခြားအဓမ္မစစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ PDF ထံ အလင်းဝင်လိုက်ကြောင်း သိရသည်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာဘက်ကို အဓမ္မစစ်မှုထမ်းပြည်သူ့စစ်အများအပြားအသုံးပြုပြီး ၂၀၂၅ ခုဩဂုတ်လအစပိုင်းမှစတင်ကာ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်မှုထမ်းဟောင်းတစ်ဦးအား မတရားဖမ်းဆီးပြီး ပြန်လည်စစ်မှုထမ်းခိုင်းသည့်အတွက် အခြားမတရားဖမ်းဆီး စစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း(၂)တပ်ခွဲ(၃) ထံ အလင်းဝင်ခဲ့သည်ဟု သိရသည်။

    (more…)

  • နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ PDF ရဲဘော် (၄) ဦးမြင့်မြတ်စွာကျဆုံး

    နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ PDF ရဲဘော် (၄) ဦးမြင့်မြတ်စွာကျဆုံး

    RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန်ပြီး မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ ရဲဘော် ပေါက်စ(ခ)စွမ်းထက်အောင်၊ ရဲဘော် တရုတ်လေး(ခ)ရဲနောင်၊ ရဲဘော် လင်းယုန်(ခ)အေးမင်းအောင် နှင့် ရဲဘော်မြွေဟောက်(ခ)ပြည့်ပြည့်မောင်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။

    အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဩဂုတ်လ ၂၀ ရက်နေ့က တိုက်ခိုက်ခံရပြီး အထိနာသည့်အတွက် နောက်ပြန်ဆုတ်ကာ မြင်းခြံမှ တပ်အင်အားများဖြည့်တင်းပြီး နွားထိုးကြီးမြို့နယ်၊ ကံလျှားရှည်ကျေးရွာ၊ ချင်းယား+လက်သမားကန်ကျေးရွာနှင့် လက်ဝဲ+မြင်းနီကျေးရွာအနောက်ဘက် တောတိုက်အတွင်း ရောက်ရှိနေသည်ဟု သတင်းကြားသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနှင့်အတူ မဟာမိတ်တပ်ရင်းများပူးပေါင်း၍ စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြသည့်တိုက်ပွဲအတွင်း ရဲဘော် ၄ ဦးကျဆုံးရပြီး ရဲဘော် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

    (more…)

  • အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

    အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

    RNA_ဩဂုတ်(၁၆)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးရှိ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ အကြမ်းဖက်စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံတပ်များ ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၅၄ မိနစ်ခန့်က ထိုးစစ်ဆင်လာသည့်အတွက် မိနစ် (၃၀) ခန့်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံးသည်ဟု အာရက္ခတပ်တော်က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အမြစ်ဖြုတ်ဖြိုခွင်းရမည်ဟု KNPP ပြော

    စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အမြစ်ဖြုတ်ဖြိုခွင်းရမည်ဟု KNPP ပြော

    RNA_ဩဂုတ်(၉)၊၂၀၂၅ခုနှစ်။

    မင်းအောင်လှိုင်သည် ဥက္ကဋ္ဌ၊ ယာယီသမ္မတ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးရာထူးများယူထားပြီး စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစိုးရအဖွဲ့သစ်ကိုလည်း အမြစ်ဖြုတ်ဖြိုခွင်းနှိမ်နှင်းရမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောကြားထားသည်။

    ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပါတီဗဟိုဋ္ဌာနချုပ်က ယနေ့ကျရောက်သော (၇၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ကရင်နီမျိုးသားခုခံတော်လှန်ရေးအကြောင်း၊ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရမည့်အပြင် အတုအယောင်ရွေးကောက်ပွဲစသည်တို့ကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ အာဏာရှင်အစိုးရများနှင့် စစ်အဏာရှင်များသည့် မဟာလူမျိုးကြီးဝါဒဖြင့် ကရင်နီအမျိုးသားများ ပပျောက်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးသည်များကို အဖက်ဖက်မှ ချုပ်ခြယ်ပြီး ကရင်နီမျိုးနွယ်စုများအကြား သွေးကွဲစေရန် နည်းလမ်းမျိုးစုံငြဖ့် ဆောင်ရွက်ခဲ့သည်ဟု စသဖြင့် ဖော်ပြထားသည်။

    (more…)

  • ဖားကန့် ညောင်ပင်ကုန်းစခန်း ပြန်ရရေးတိုက်ပွဲတွင် KPDF ရဲဘော်တစ်ဦး ကျဆုံး

    ဖားကန့် ညောင်ပင်ကုန်းစခန်း ပြန်ရရေးတိုက်ပွဲတွင် KPDF ရဲဘော်တစ်ဦး ကျဆုံး

    RNA_ဩဂုတ်(၅)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ရှရော်ခကျေးရွာအနီး၊ ညောင်ပင်ကုန်းတပ်စခန်း ပြည်လည်သိမ်းပိုက်နိုင်ရေးတိုက်ပွဲတွင် KPDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး ညောင်ပင်ကုန်းစခန်းကို KIA/KPDF ရဲဘော်များက ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

    ညောင်ပင်ကုန်းစခန်းကို KIA/KPDF များက ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ထိုးစစ်ကြောင့် ဩဂုတ်လ ၂ ရက်နေ့က လက်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ KIA/KPDF ရဲဘော်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နေ့က ကျဆုံးရဲဘော်အလောင်းကို ယနေ့မှသာ ပြန်ရခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

    ဖားကန့်ရှိစစ်ကောင်စီတပ်သည် ဖားကန့်ဗျူဟာ မကျဆုံးရေးအတွက် အနီးအနားတစ်ဝိုက်ရှိ ကျေးရွာ ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက်လည်း ကလေးငယ်များအပါအဝင် သေဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်အားလည်း KIA/KPDF ရဲဘော်များက တိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

    #RedNewsAgency #RedNews

  • စစ်ကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံးခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်း

    စစ်ကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံးခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်း

    RNA_ဇူလိုင်(၃၁)၊၂၀၂၅ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်း စစ်တပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ပြုလုပ်သည့် ကာလုံအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာထားသည်။

    (more…)

  • စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

    စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

    RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

    မြန်မာစစ်အာဏာရှင် (စစ်ကောင်စီ) ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ ယခင်ထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးစီမံချက်ဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအား လေးနက်စွာ တောင်းဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်တိုက်တွန်းထားသည်။

    စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာစစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ စစ်ပွဲတွင် ကျဆုံးပြီး အဖက်ဖက်မှ ယိိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော်သည် အဖြစ်ဆိုး ကျရောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    (more…)