26
Nov
RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) က ချမှတ်ထားသည့် အမိန့်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလုံးစုံ လိုက်နာမည်မဟုတ်ဘဲ အချို့ကိုသာ လိုက်နာဆောင်ရွက်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာ (၂၅) ရက်တွင် ပြောဆိုခဲ့သည်။ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ICJ ၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍ လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန် မသင့်သည်များကို လိုက်နာဆောင်ရွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲတင်သွင်းချက်သည် တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ်ကြောင်း၊ ယင်းအမှုကိစ္စကို (၇) နှစ်တာကာလအတွင်း တရားရုံးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းစေမှု…