စစ်မှုထမ်းအတွက်ဟုဆိုကာ မတရားဖမ်းဆီးခံထားရသူ (၁၀) ဦး အချုပ်ဖောက်ထွက်ပြေး လွတ်မြောက်

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အချုပ်ခန်း (အထက်တန်းကျောင်းအတွင်း) တွင် စစ်မှုထမ်းအတွက်ဟုဆိုတာ မတရားဖမ်းဆီးခံထားရသော လူငယ် (၁၀) ဦး ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က အချုပ်ခန်းဖောက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ရေဦးမြို့ရှိ အချုပ်ခန်းတွင် မတရားဖမ်းဆီးခံထားရပြီး ထွက်ပြေးလွတ်မြောက်လာသော လူငယ် (၁၀) ဦးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွတ်မြောက်နယ်မြေတနေရာတွင် ထိန်းသိမ်းစောက်ရှောက်ထားသည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ အသိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်သည် နယ်မြေများစွာ ဆုံးရှုံးနေရသည့်အပြင် တိုက်ပွဲများတွင် အသေအဆုံးများနေသည့်အတွက် တပ်တွင်း တပ်သားလိုအပ်ချက်ကြောင့် ရှေ့တန်းစစ်မျက်နှာတွင် လူအင်အားဖြင့် ပြန်တိုက်ခိုက်နိုင်ရန် စစ်မှုထမ်းအကြေင်းပြ လူငယ် လူရွယ်များကို အဓမ္မဖမ်းဆီး စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာ ပို့ဆောင်နေသည့်အတွက် ရှေ့တန်းစစ်မျက်နှာတွင် မတရားဖမ်းဆီးခံထားရသော စစ်မှုထမ်းများ အသေအဆုံးများနေကြောင်း သိရသည်။

#REDNEWS#RedNewsAgency#RNA

By Editor