genocide

မြန်မာဂျီနိုဆိုဒ်အမှု ကိုင်တွယ်နေသည့် ICJ ယာယီတရားသူကြီး နာဗီပီလေး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

မြန်မာဂျီနိုဆိုဒ်အမှု ကိုင်တွယ်နေသည့် ICJ ယာယီတရားသူကြီး နာဗီပီလေး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ နော်ဝေ နိုဘယ်ဆုရွေးချယ်ကော်မတီက ချီးမြှင့်သည့် ၂၀၂၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တောင်အာဖရိကနိုင်ငံမှ နာဗာနီသမ် “နာဗီ” ပိလေး (Navanethem “Navi” Pillay) ရရှိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည့် နာဗီပီလေးကို ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ရေးအတွက် တရားမျှတမှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နာဗီပီလေးသည် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ယာယီတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ဂမ်ဘီယာမှ တရားစွဲဆိုထားသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမှု၌လည်း အထူးယာယီတရားသူကြီးအဖြစ် ပါဝင်နေသူဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွက် နိဘယ်ဆုရှင်များကို…
Read More
မကြားနိုင်တဲ့ “အသံ”၊ မမြင်နိုင်တဲ့ “အလင်း”

မကြားနိုင်တဲ့ “အသံ”၊ မမြင်နိုင်တဲ့ “အလင်း”

"စစ်ရာဇဝတ်မှုတွေကြားက စစ်ဘေးရှောင်တွေ၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြားက မြန်မာပြည်သူတို့အသံ ကမ္ဘာက ကြားပါစေ" ရန်နိုင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းအရပ်သား သုံးသန်းကျော်နစ်နာနေတယ်လို့ UN ရဲ့ ၂၀၂၄ မတ်လထုတ် အစီရင်ခံစာက ထုတ်ပြန်ထားတယ်။ အဆိုးရွားဆုံးထိခိုက်ခံစားရတဲ့လူမျိုးစုက ရခိုင်ဒေသမှာရှိတဲ့ လူနည်းစု မွတ်စလင်တွေပါလို့ ကမ္ဘာတဝန်းကသိခဲ့ကြတယ်။ အနစ်နာဆုံးလူမျိုးစု ဖြစ်တာကြောင့် လိုအပ်တဲ့ အထောက်အပံ့တွေ UN ဆီက အများအပြားရရှိခဲ့တယ်။ ရခိုင်ပြည်နယ်က မွတ်စလင် လူမျိုးစုတွေအပြင် ဒီကနေ့ တနိုင်ငံလုံးက စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကလည်း နစ်နာသူ လူမျိုးစုတွေအဖြစ် ကမ္ဘာတဝန်းက သိရှိသွားဖို့လိုပါတယ်။ စစ်တပ်ဗုံးကြဲလို့ ကျေးရွာအချို့မရှိတော့တဲ့ စစ်ကိုင်းတိုင်းက ပဇီကြီးရွာဖြစ်စဉ်လို ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ အနီးကပ်…
Read More