Tag: ICJ

  • မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

    မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

    “တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်ကောင်စီအပေါ် အရေးယူမည့် ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး၍ ပယ်ချပေးခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့တွင် စစ်ကောင်စီဘက်မှ ရပ်တည်ပေးခြင်းတို့ဖြင့် အကာအကွယ် ပေးထားသည်”

    ရန်နိုင်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ အသီးသီးတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အလွန်အမင်း မှီခိုနေရခြင်းမှာ ငြင်းဆို၍မရသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးတွင် ၉၆ ရာနှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ၈၉ ရာနှုန်း အထိ မှီခိုနေရသည်ဟု မြန်မာ့မူဝါဒရေးရာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ရှုမြင်နေကြောင်း ISP Myanmar ၏ ၂၀၂၄ စစ်တမ်းတွင် ဖော်ပြထားသည်။

    ဤအခြေနေက ‘မြန်မာနိုင်ငံသည်တရုတ်လက်အောက်ခံနိုင်ငံ (သို့မဟုတ်) အချုပ်အခြာအာဏာကို ပြန်လည်ငှားရမ်းသုံးစွဲနေရသည့်နိုင်ငံ ဖြစ်နေပြီလား’ ဟု ပြည်တွင်းပြည်ပ ပညာရှင်များအကြား စိုးရိမ်ပူပန်မှု မြင့်တက်လာနေကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အဓိက ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် အစောပိုင်း စာရင်းများအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ စုစုပေါင်း၏ ၄၀ ရာနှုန်းမှာ တရုတ်နိုင်ငံမှ ချေးငွေများ ဖြစ်နေခြင်းသည် မြန်မာနိုင်ငံအား “ကြွေးမြီထောင်ချောက်” အတွင်းသို့ ရောက်ရှိသွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

    (more…)

  • ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    “နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ “ကျားဖြန့် ကွန်ရက်များ” ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်”

    ရန်ုနိုင်

    ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ရှေးဟောင်းဘုရားကျောင်းများအနီး ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သမိုင်းဝင်နယ်မြေ ပိုင်ဆိုင်မှုအငြင်းပွားခြင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဤပဋိပက္ခ၏ အဓိကလှုံ့ဆော်မှုများမှာ နယ်မြေ (သို့မဟုတ်) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးထက်ပိုသော နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြည်တွင်းနိုင်ငံရေးအာဏာနှင့်အကျိုးစီးပွားကာကွယ်လိုသည့် အကြောင်းအရင်းများကို တွေ့ခဲ့ရသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အထက်တန်းလွှာအုပ်စုများသည် နိုင်ငံရေး အခက်အခဲများမှ လူထုအာရုံစိုက်မှုကို လွှဲပြောင်းရန် ၎င်းတို့၏ရာထူးကို ခိုင်မာစေရန်နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ဖုံးကွယ်ရန် ဤနယ်စပ်ပြဿနာကို လက်နက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

    ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရကွန် ဦးဆောင်သောအစိုးရ၏ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်လာသည့်အခြေနေများက ၂၀၂၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများ၏ နောက်ကွယ်မှ အဓိကအရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော တောင်ပိုင်းရေကြီးမှုများကို စီမံခန့်ခွဲရာတွင် အားနည်းခဲ့ခြင်း ကြောင့် ဝန်ကြီးချုပ် အနုတင်၏ လူထုထောက်ခံမှု ၄၈ ရာနှုန်းမှ ၂၃ ရာနှုန်းအထိ ထိုးကျသွားခဲ့ပြီး ၎င်း၏ ပါတီဖြစ်သော ဘွန်ဂျိုင်ထိုင်းပါတီ၏ လူကြိုက်များမှုလည်း သိသိသာသာလျော့ကျခဲ့သည်။ ထိုအခြေနေကြောင့် လာမည့်မတ်လရွေးကောက်ပွဲ မတိုင်မီနိုင်ငံရေး အားနည်းချက်များကို ဖုံးကွယ်ရန်ကြိုးစားမှုတရပ်ဖြစ်သည်။

    (more…)

  • မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

    မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

    စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်

    ကျော်ကိုကို

    အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန် လူ့အခွင့်အရေးတွေ၊ဒီမိုကရေစီတွေလုံးဝ ထည့်မတွေးတော့ဘဲ အာဏာရပါတီကြီးဘက်လိုက်ပြီး ဇွတ်အတင်းအဓမ္မ မဲဆွယ်နေတာကို တွေ့နေရပါတယ်။

    အမှန်တကယ်က နိုင်ငံသားတယောက်မှာ သူ့ကိုယ်ပိုင် ‌မွေးရာပါအခွင့်အရေးအရ ဘယ်နိုင်ငံရေးပါတီကိုမှလည်း မထောက်ခံဘဲ နေပိုင်ခွင့်ရှိတယ်၊ ထောက်ခံချင်တဲ့ပါတီကို ထောက်ခံပိုင်ခွင့်လည်းရှိတယ်။ မဲမပေးဘဲ နေပိုင်ခွင့်ရှိသလို ရွေးကောက်ပွဲကို ဆန့်ကျင်ချင်လည်း ဆန့်ကျင်လို့ရတယ်။အစိုးရကို အသိအမှတ်မပြုဘဲနေလို့ရသလို ကိုယ်မကြိုက်တဲ့အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခွင့်လည်းရှိတယ်။ဒါက လစ်ဘရယ်ဒီမိုကရေစီအရ လက်သင့်ခံထားတဲ့ နိုင်ငံရေးအယူအဆဆိုင်ရာ စံနှုန်း၊တန်ဖိုးတွေပါပဲ။သို့ပေမယ့် အခု အာဏာရပါတီထောက်ခံနေကြသူများလုပ်ပုံကတော့ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ လစ်ဘရယ်အခြေခံပေါ်မှာလည်း ရပ်တည်နေတာမျိုးမဟုတ်ဘဲ စစ်အာဏာရှင်တွေ တလျောက်လုံးကျင့်သုံးလာသလို မလုပ်မနေရ၊မထည့်မနေရ၊မဖြစ်မနေ ထောက်ခံရမယ်ဆိုတဲ့ အတင်းအကြပ်လုပ်ဟန်ဘက်ကို ပိုယိမ်းနေတာ သင်းတို့ရဲ့ အတ္တနောမတိတွေကြည့်တာနဲ့တင် သိသာလွန်းအားကြီးနေပါတယ်။

    ဒီလိုဆိုတော့ ကျနော်တို့အနေနဲ့ မဲမပေးချင်ရင် မပေးဘဲနေပိုင်ခွင့်ဆိုတဲ့ဘက်နဲ့ အတင်းအကြပ် NLD ကို မဲပေးခိုင်းနေတဲ့ဘက်( No vote Vs Do Vote) ဒီနှစ်ဘက်စလုံးကို ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။အရင်ဆုံး NLD ပါတီဘက်က ဘာလို့မဲချည်းပေးခိုင်းနေတာလဲဆိုတာ အရင် ကြည့်ကြရအောင်။

    (more…)

  • ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က  ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

    ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

    ဒီလှိုင်း မကွေး ၊ ဒီဇင်ဘာ ၁၀ ရက်။

    “လက်ရှိကျွန်တော်တို့နိုင်ငံကိုတရားစွဲဆိုခံနေရတဲ့ကိစ္စကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားဖြေရှင်းနေရတယ်ဆိုတာပြည်သူအားလုံးသိမှာပါ၊ဒီအတွက်ကျွန်တော်တို့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူတစ်သားထဲပြည်သူတစ်ရပ်လုံးကရှိတယ်ဆိုတာကိုပြချင်လိုဖြစ်ပါတယ်၊ကျွန်တော်တို့နိုင်ငံကိုတရားစွဲခြင်းဟာကျွန်တော်တို့ပြည်သူတစ်ဦးချင်းကိုတရားစွဲဆိုတာနဲ့အတူတူပါဘဲ၊အဲဒီတော့ကျွန်တော်တို့အပစ်မရှိဘူးဆိုတာပြန်လည်ခုခံချေပဖို့အတွက်တာဝန်ရှိတယ်၊နိုင်ငံတော်အတိုင်ပင်ခံကနိုင်ငံရဲ့အကျိုးစီးပွား၊ပြည်သူရဲ့အတိုင်ပင်ခံနဲ့အတူရှိတယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ် ” ဟု မ‌ကွေးမြို့ကံသာရပ်ကွက်မှဦးမိုးကပြောသည်။

    မြန်မာနိုင်ငံအကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့သွားသောအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့်ပွဲအား သံဃာတော်ဆရာတော်များ၊တိုင်းအစိုးရလွှတ်‌တော်ဥက္ကဌဦးတာ၊သယံဇာတ၊သဘာဝပတ်ဝန်းကျင်လျှပ်စစ်စွမ်းအင်ဝန်ကြီးဦးမြင့်‌ဇော်၊NLDအဖွဲ့ဝင်များ၊ပြည်သူများ၊ကျောင်းသား/သူများအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=doxRJqFa2JA[/embedyt]Red News Agency

  • နိုင်ငံတော်အကျိုးစီးပွား ကွာကွယ်ရန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မျိုးသားလုံး ထောက်ခံဖို့ လိုဟုဆို

    နိုင်ငံတော်အကျိုးစီးပွား ကွာကွယ်ရန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မျိုးသားလုံး ထောက်ခံဖို့ လိုဟုဆို

    ဇော်ကြီး (ကုန်းဇောင်း)၊ ပွင့်ဖြူ ၊ ဒီဇင်ဘာ ၁၀ ရက်။

    မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့ရောက်ရှိနေသောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အား မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ပြည်သူများက ဒီဇင်ဘာလ ၁၀ရက်နံနက်၈နာရီတွင်ပြည် ပွင့်ဖြူမြို့ လုံချမ်းသာဘုရားကွင်းပြင်၌စုရပ်လုပ်၍မြို့တွင်းလှည့်လည်ကာ ဝန်းရံထောက်ခံပွဲ ပြုလုပ်ခဲ့သည်။

    ” ဒီလိုခေါင်းဆောင်မျိုးဟာတိုင်းပြည်မှာနှစ်တစ်ရာမှာတစ်ယောက်ပေါ်ခဲ့တဲ့ခေါင်းဆောင်မျိုးဖြစ်တဲ့အတွက်တိုင်းပြည်ကိုကိုယ်စားပြုပြီးတော့ICJသွားပြီးအမှုရင်ဆိုင်သွားမှာဟာ သူတစ်ဦးတစ်ယောက်အတွက်အမှုရင်ဆိုင်သွားမှာမဟုတ်ပါဘူး၊ တိုင်းပြည်အတွက်သွားတာမလို့တစ်နိုင်ငံလုံး တစ်မျိုးသားလုံးဝန်ရံဖို့ လိုအပ်ပါတယ် ” ဟုကုန်းဇောင်းမြို့အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်ကပြောသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အားမြန်မာနိုင်ငံသူနိုင်ငံသားများမှ‌ထောက်ခံဝန်းရံပွဲအားလူမှုရေးအသင်းအဖွဲ့အစည်းများ၊ပညာရေးဝန်ထမ်းများ၊စိုက်ပျိုးရေးဝန်ထမ်းများ၊လျှပ်စစ်ဝန်ထမ်းများ၊ပြည်သူအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=RnNTf-Yu84s[/embedyt]Red News Agency