09
Oct
RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ နော်ဝေ နိုဘယ်ဆုရွေးချယ်ကော်မတီက ချီးမြှင့်သည့် ၂၀၂၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တောင်အာဖရိကနိုင်ငံမှ နာဗာနီသမ် “နာဗီ” ပိလေး (Navanethem “Navi” Pillay) ရရှိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည့် နာဗီပီလေးကို ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ရေးအတွက် တရားမျှတမှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နာဗီပီလေးသည် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ယာယီတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ဂမ်ဘီယာမှ တရားစွဲဆိုထားသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမှု၌လည်း အထူးယာယီတရားသူကြီးအဖြစ် ပါဝင်နေသူဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွက် နိဘယ်ဆုရှင်များကို…