သတင်း

ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစဉ် ကျည်ကုန်သည်အထိ အသက်အသေခံ ပစ်ခတ်ခဲ့သူ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စွပ်စွဲကာ စစ်ကောင်စီက ယနေ့ ထုတ်ပြန်ခဲ့သည်။ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်းအပါအဝင် ရဲဘော်များနှင့် ဆက်စပ်သူ (၇) ဦးသည် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)မှ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သူများဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားပြီး၊ (၆) ဦးကို အရှင်ဖမ်းမိပြီး ဆရာစွမ်းကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို ခုခံရင်း ကျဆုံးခဲ့ရကြောင်း…
Read More
ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ရပ်ကွက်-ယုဇနဥယျာဉ်မြို့တော်၊ ၁၀လမ်း(A)ဘလောက် တိုက် (၁၆) ရှိ အခန်းမှာ ပေါက်ကွဲမှုဖြစ်အပြီး တယောက်ပြေးဆင်းလာရာ ရပ်ကွက်လမ်းထိပ်က လူများဝိုင်းဖမ်းစဉ် " ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ" ဖမ်းဆီးခံရသည့် လူငယ်က အော်ဟစ်ပြောဆိုခဲ့ကြောင်း ရပ်ကွက်အတွင်းမှ ပြည်သူတဦးက အသိပေးလာသည်။ (more…)
Read More
ကရင်ပြည်နယ် ဥကရစ်ထ စခန်းအနီးတိုက်ပွဲတွင် CDM တပ်ကြပ်ဝေလင်းအောင် ကျဆုံး

ကရင်ပြည်နယ် ဥကရစ်ထ စခန်းအနီးတိုက်ပွဲတွင် CDM တပ်ကြပ်ဝေလင်းအောင် ကျဆုံး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ စစ်ကောင်စီစစ်ဆင်ရေးခြေကုတ်စခန်းတစ်ခုဖြစ်သည့် ဥကရစ်ထစခန်းအနီးတွင် ယနေ့ ညနေ(၅)နာရီအထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာ BGFမှ CDM ပြုလုပ်လာပြီး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် တပ်ကြပ် ဝေလင်းအောင် ကျဆုံးသွားကြောင်း သိရသည်။ "CDM စစ်သားဖြစ်သူ တပ်ကြပ် ဝေလင်းအောင်ဥကရစ်ထမှာ ကျဆုံး အလေးပြုပါတယ်။ ပေးဆပ်မှုက CDM ဝင်တဲ့အချိန်မှာတောင် တာဝန်ကျေနေပြီမို့ တိုင်းပြည်အတွက်ပါ အသက်ပေးသွားတဲ့အတွက်ပြောစရာ စကားတောင်မရှိပါဘူး " ဟု စသည်ဖြင့် CDM ရေတပ်သားတဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။ ယနေ့ နှင့် ပြီးခဲ့သည့် ညပိုင်းကတည်းက KNLA ၊ KNDO စသည့် ပူးပေါင်းတပ်များက ဥကရစ်ထစခန်းအနီးတွင် စစ်ကောင်စီတပ်ကို…
Read More
ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ "ဒီမှာမင်းအောင်လှိုင် ငါတို့ လူထုတရပ်လုံး မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟေ့" ဆိုသည့် ကြွေးကြော်သံများနှင့် ရန်ကုန်မြို့ ဈေးတခုအတွင်း လူငယ်များဆန္ဒပြခဲ့ကြရာ ပြည်သူများက လပ်ခုပ်တီး အားပေးခဲ့ကြသည်။ ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုမှာ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူရဲကောင်း ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်က ဟစ်ကြွေးသံဖြစ်သည့် " 'မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုသည့် ကြွေးကြေည်သံများနှင့် ယနေ့ လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ ?????????? ??????'? ??????? ?????-?? လက်နက်ထုတ်လုပ်ရေးစခန်း တခု ဇွန်လ ၂၅ ရက်နေ့က မတော်ဆ ထိခိုက်ကာ မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး လက်နက်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ " ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ထုတ်လုပ်ရေးစခန်းထဲမှာ ယမ်းစတွေ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ မီးစတွေ လက်နက် တိုက်ဘက်ဘက်ကူးသွားခဲ့ပြီး ပစ္စည်းတွေ မီးလောင်ပေါက်ကွဲနေတာကြောင့် ကျွန်တော်တို့လည်း ဘာလက်နက်တစ်ခုမှ သယ်ထုတ်လို့ မရခဲ့ပါဘူး။အဖွဲ့က စုဆောင်းထားသမျှ လက်နက်တွေ အကုန် ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရဲဘော်လေးတွေလည်း အတော်လေးကြေကွဲ စိတ်အားငယ်နေကြပါတယ်။ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ပြန်လည်ဝယ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ကို ကူညီကြပါဦးလို့ အားနာနာနဲ့ပဲ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ"…
Read More
စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

RNA_ဇွန် ၁၆၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ၊ အထူးစစ်ဆင်ရေးဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ "ရွာ​တွေကို မီးရှို့၊လုယက်ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျွန်​တော်တို့တပ်ရင်းက ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ စစ်စခန်း​တွေ၊ မြို့သိမ်း တိုက်ပွဲ​တွေနဲ့ အထူးစစ်ဆင်​ရေး​တွေကို အဓိက​ ဖော်​ဆောင်သွားဖို့ ဖြစ်ပါတယ်။" ဟု ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က အသိပေးထားသည်။ Red News Agency
Read More
ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

RNA_ဇွန် ၁၅၊၂၀၂၂ခုနှစ်။ စစ်ကောင်စီက သေဒဏ်အတည်ပြုထားသည့် ၈၈ မျိူဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်သားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို နံနက်ဖန် ( ဇွန်လ ၁၆ ရက်) နံနက် (၄) နာရီ အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးမည်ဟု သိရသည်။ " အခု ဝန်ထမ်းတွေကြားမှာပြောနေကြတယ် မနက်ဖန် မနက်အစောကြီး ၄ နာရီတဲ့။ ကြိုးပေးဖို့ စံသိန်းနဲ့ ဝင်းအောင်ရွေးချယ်ထားတယ်ပြောတယ်၊ ကျနော်သာလုပ်ခိုင်းရင် မလုပ်ပါဘူးဗျာ" ဟု အင်းစိန်အကျဉ်းထောက်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ‌Red News Agency ကို ပြောသည်။ စစ်ကောင်စီက သေဒဏ်အတည်ပြုသည့်ကိစ္စ တကမ္ဘာလုံးက ကန့်ကွတ်နေကြောင်း၊ စစ်ကောင်စီ အကောင်အထည်ဖော်ပါက…
Read More
အင်းစိန်အကျဉ်းထောင် ကြိုးစင်ကို ယနေ့နံနက် ဒေါက်ဖြုတ် စမ်းသပ်မှုတွေပြုလုပ်

အင်းစိန်အကျဉ်းထောင် ကြိုးစင်ကို ယနေ့နံနက် ဒေါက်ဖြုတ် စမ်းသပ်မှုတွေပြုလုပ်

RNA_ဇွန် ၁၁၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင်းရှိ ကြိုးစင်ကို ယနေ့ နံနက်ပိုင်းက ဒေါက်ဖြုတ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့သည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တဦးထံမှ သိရသည်။ " အခုမနက်မှာ အသံထွက်လာတာက သတ်ဖို့သေချာလောက်တယ်တဲ့၊ ကြိုးစင်ကို ဒေါက်‌တွေဘာတွေ ဖြုတ်တာလုပ်ပြီး ပြင်ဆင်နေကြပြီ ပြောတယ်" ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက Red News Agency သို့ ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုသူရဇော်တို့ကို သေဒဏ်အတည်ပြုထားကြောင်း စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားထားသည်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်အတည်ပြုခြင်း ကိစ္စနှင့်…
Read More
ကရင်ပြည်နယ်အတွင်း ကျားဖြူတပ်ခွဲ (၁) မှ PDFရဲ​ဘော် ​မောင်ထက်လင်း(ခ)စစ်နိုင် ကျဆုံးခဲ့ရ

ကရင်ပြည်နယ်အတွင်း ကျားဖြူတပ်ခွဲ (၁) မှ PDFရဲ​ဘော် ​မောင်ထက်လင်း(ခ)စစ်နိုင် ကျဆုံးခဲ့ရ

RNA_မတ်၂၂၊၂၀၂၂ခုနှစ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေသည့် ကရင်ပြည်နယ်တနေရာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ကျားဖြူတပ်ခွဲ (၁) မှ PDFရဲ​ဘော် ​မောင်ထက်လင်း (ခ) စစ်နိုင် (ဆေးတပ်သား)သည် မတ်လ (၁၉) ရက်နေ့က ကျဆုံးခဲ့ကြောင်း ကျားဖြူတပ်ခွဲ (၁) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

RNA_မတ်၂၂၊၂၀၂၂ခုနှစ်။ နိုင်ငံရေးမတည်ငြိမ်ဖြစ်နေသည့်ကာလ အများ ပြည်သူ စိတ်နှလုံးမသာမယာ ဖြစ်နေသည့် ယခုလိုကာလတွင်း လက်နက်နှင့် အုပ်ချုပ်နေရသည့် စစ် ကောင်စီက ရန်ကုန်တွင် သင်္ကြန်ကျင်းပရန် စီစဥ်နေသည်။ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပြီး စီးပွားရေးကျင်းနေချိန် ၊ပြည်သူ လူထု အလုပ်အကိုင်မဲ့ ဖြစ်နေချိန်တွင် စစ်ကောင်စီ အာဏာလုခဲ့သည့်အတွက် လူထုမှာ ကိုဗစ်ဘေးကော၊ ကိုစစ်ဘေးကော နေ့စဥ် ရင်ဆိုင်နေရပြီး နေ့စဥ် သောကရောက်နေကြရပြီး၊ မလုံခြုံမှုနှင့် စိုးရိမ်ထိန့်လန့်မှုများ နေ့စဥ် ကြုံတွေ့ခံရနေကြရသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက နဂိုပုံမှ​န်အခြေအနေ ပြန်ရောက်ပြီပြသရန်၊ အုပ်ချုပ်ရေး အာဏာသက်ရောက်ပြီဆိုသော အဖြစ်ကို ပြသရန် သင်္ကြန်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More