မြောက်ဥက္ကလာ

ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု (၂) နှစ်ပြည့်ပြီ RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၃ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီးနောက် နောက်တရက်နေ့တွင် ပြည်သူများသည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း သံပုံးတီးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ယနေ့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ္ဘာကျော် သံပုံတီး လှုပ်ရှားမှု (၂)နှစ်ပြည့်နေ့ဖြစ်သည်။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ပါအဝင် မြို့နယ်တချို့ကို စစ်အာဏာသိမ်းမှုကိုလက်မခံသည့် သံပုံးတီး လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

RNA- မတ် ၁၃ ရက်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ယနေ့ ညဦးပိုင်းက နွေဦးတော်လှန်ရေး စာလုံးပုံဖော်ပြီး ဖရောင်းတိုင်မီးများထွန်းကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းခဲ့သည့် စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကျည်အစစ်သုံး ဖြိုခွင်းခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ထိ ၇၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မတ်လ ၃ ရက်နေ့က စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၈ ဦးသေဆုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူ့အစိုးရထံမှ စစ်တပ်အာဏာသိမ်းယူခဲ့ပြီး ရက်ပေါင်း ၄၁ ရက် အတွင်း(…
Read More
ဋ ရပ်ကွက် သပြေခြံတွင် လူမိုက်များစုစည်းရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူကို ဓားနှင့်ထိုး

ဋ ရပ်ကွက် သပြေခြံတွင် လူမိုက်များစုစည်းရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူကို ဓားနှင့်ထိုး

RNA။ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက်။ မြောက်ဥက္ကလာပမြို့နယ် ( ဋ ) ရပ်ကွက် သပြေခြံတွင် အာဏာသိမ်းအစိုးရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးက ဦးဆောင်ပြီး လူမိုက်များဖြင့် ဓားဖြင့်ထိုးခြင်း၊ ရပ်ကွက်စိန်ခေါ်ခြင်းများ ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။ စစ်အစိုးရ ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးကဦးဆောင်ပြီး လူမိုက်များဖြင့် ဓားကိုင်ရမ်းကားကာ ပြုလုပ်ခဲ့မှုတွင် ရပ်ကွက်အတွင်းမှ ပြည်သူတစ်ဦး ဓားထိုးခံခဲ့ရကြောင်း၊ လူမိုက်များအဖွဲ့မှလဲ ရပ်ကွက်မှ ဝိုင်းဖမ်းရာ တစ်ဦးမိထားကြောင်း သိရသည်။ ယနေ့…
Read More