GSCB

မြန်မာ့နွေဦးသပိတ်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် ကိုနန်းလင်းတို့ ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာဆု ချီးမြှင့်ခံရ

မြန်မာ့နွေဦးသပိတ်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် ကိုနန်းလင်းတို့ ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာဆု ချီးမြှင့်ခံရ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ကိုနန်းလင်းတို့ကို ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ကြောင်း Forum 2000 ဖောင်ဒေးရှင်းက အောက်တိုဘာ (၁၁) ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာဆုရရှိသူများထဲတွင် ၂၀၂၅ ဒီဇင်ဘာလအတွင်းက စစ်အုပ်စု၏ မတရားဖမ်းဆီးမှုကို ခံထားရပြီး ၂၀၂၆ ဇန်နဝါရီလအတွင်း၌ ထောင်ဒဏ် (၃၇) နှစ် ချမှတ်ခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုထက်မြက်အောင်လည်း ပါဝင်ခဲ့သည်။ ယခုကဲ့သို့ Forum 2000 နိုင်ငံတကာဆု ချီးမြှင့်ခံရမှုသည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စု ဆန့်ကျင်ရေး၌…
Read More
ဆုကြေးထုတ်ခံထားရသော သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

ဆုကြေးထုတ်ခံထားရသော သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနိုင်ရေး ဆုကြေးထုတ်ပြီး ဝရမ်းထုတ်ခံထားရသော လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရပြီးနောက် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Yadanabon University Students' Union) က ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။ အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက အဆက်အသွယ်ပျက်နေပြီး ဖမ်းဆီးသွားပြီဖြစ်ပြီး၊ ဖမ်းဆီးခံရချိန် ပြင်းထန်သည့် ရိုက်နှက်ခံရမှုများရှိသည့်အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု ထုတ်ပြန်ထားကြသည်။ (more…)
Read More
တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။   “ ဒီတော်လှန်ရေးမှာ အရေးကြီးဆုံးက ပြတ်သားမှုပါ၊ ဘတ်ပေါင်းစုံက ပြတ်သားကြရတော့မှာပါ၊ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဆင်နွှဲခဲ့ကြတဲ့ ပြည်သူ့အရေးတော်ပုံတွေ ပြည်သူ့တော်လှန်ရေးတွေ ဒီနေ့အထိမပြီးနိုင်တာ ဆက်ပြီးတော့ တော်လှန်နေရတာတွေဟာ ပြတ်သားမှု အားနည်းခဲ့လို့ပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က GSCBမှ ပြုလုပ်သည့် ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။ [embedyt] https://www.youtube.com/watch?v=6AChOQrf47I[/embedyt]   #RedNewsAgency
Read More