ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။

နွေဦးတော်လှန်ရေးတွင် ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

” အခု ယင်းမာပင်နဲ့ ပုလဲအစပ်ကို စခတွေ စစ်ကြောင်းပြန်ဆင်းနေကြတယ်၊ အခု ရွာ (၈) ရွာလောက်က ပြည်သူတွေ ဒီနေ့ပဲ စစ်ဘေးရှောင်နေကြရတယ်” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ခုခံစစ်အားကောင်းသည့် ပုလဲနယ်တွင် မြေပြင်စစ်ကြောင်း မထိုးနိုင်တော့သည့်အနေအထားဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ကြောင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် မစိုးမိုးသည့် ကျေးရွာများစွာရှိကြောင်း သိရသည်။

#RedNewsAgency

By Editor