03
Mar
RNA_မတ် (၃)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကမိုင်ကုန်းတွင်တပ်စခန်းချထားသည့် စစ်ကောင်စီတပ်ကို အဖိုးဘီဂျီ ဦးဆောင်သည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့တို့မှ ယမန်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ " ကျွန်နော်တို့ မနေ့က ကမိုင်ကုန်း စခန်းကို သွားတိုက်တာ အကျအဆုံးက မသိရသေးဘူး၊ ညဘက်ကြတော့ စကစက လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပစ်တယ်" ဟု ကျားဖြူစစ်ကြောင်းမှ တိုက်ပွဲတွင်ပါဝင်ခဲ့သူ ရဲဘော်သစ်နောင်နောင်က ပြောသည်။ [embedyt] https://www.youtube.com/watch?v=JIzVeEhhqWU[/embedyt] ကျားဖြူစစ်ကြောင်းမှ စစ်ကောင်စီတပ် ကော့ကရိတ် ကမိုင်ကုန်းစခန်းအား (၄၅) မိနစ်ဝန်းကျင်တိုက်ခိုက်နေစဉ်အတွင်း မဟာမိတ်တပ်ဖွဲ့တခုဖြစ်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဦးဆောင်သည့်ရဲဘော်များမှ စစ်ကူရောက်ရှိလာပြီး ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု…