ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု (၂) နှစ်ပြည့်ပြီ

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၃ ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီးနောက် နောက်တရက်နေ့တွင် ပြည်သူများသည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း သံပုံးတီးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ယနေ့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ္ဘာကျော် သံပုံတီး လှုပ်ရှားမှု (၂)နှစ်ပြည့်နေ့ဖြစ်သည်။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ပါအဝင် မြို့နယ်တချို့ကို စစ်အာဏာသိမ်းမှုကိုလက်မခံသည့် သံပုံးတီး လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြသည်။

ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့လှုပ်ရှားမှု နွေဦးတော်လှန်ရေးသည် အာဏာသိမ်းခံရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က ကြေညာချက်အသီးအသီးထုတ်ပြန်ခဲ့ကြပြီး နောက်တနေ့ ညတွင် သံပုံးတီးခြင်းနှင့် ဖရောင်းတိုင်ထွန်းခြင်းစသည့် လှုပ်ရှားမှုမှစတင်ကာ လမ်းမပေါ် လူသိန်းချီထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှစတင်ခဲ့သော်လည်း အာဏာသိမ်းအဖွဲ့နှင့်လက်အောက်ခံများက အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်နေသည့်အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ကိုင်ဆွဲကာ ယနေ့ (၂) နှစ်ပြည့်သည့်အချိန်ထိ လက်နက်ကိုင်တိုက်ပွဲများ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများစသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး နည်းမျိုးစုံဖြင့် ပြုလုပ်နေကြသည်။

ရုပ်သံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် ည (၇) နာရီမှစတင်ကာ ဖေဖော်ဝါရီ (၃) ရက်နေ့အထိ မြောက်ဥက္ကလာပမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံတီးလှုပ်ရှားမှု ရုပ်သံဖြစ်သည်။

#rednewsagency

By Editor