တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခဲ့ရာ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MRDA ရဲဘော် (၆) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲတလျှောက်ကျေးရွာတွေအတွက် အပင်ပန်းခံကာကွယ်ပေးခဲ့ကြတဲ့ညီငယ်တွေ၊ ပြည်သူ့ဘဝလွတ်မြောက် ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကိုပေးရဲခဲ့ကြတဲ့ MRDA ကအားထားရတဲ့ညီငယ်ရဲဘော်တွေရဲ့အသက်မဲ့ ခန္ဓာကိုယ်တွေကို သင်္ဂြိုလ်ဖို့စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ခံစားမှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတယ်” ဟု ဗိုလ်နဂါးက ပြောကြားထားသည်။

ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်သို့ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ရှိစစ်ကြောင်းသည် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ကာ စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ပုလဲမြို့နယ်၊ ညောင်ပင်သာကျေးရွာအရှေ့တောင်ဘက်တွင် MRDA ရဲဘော်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၅) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီဘက်မှ ထိခိုက်မှုများပြားနိုင်သော် လည်းရဲဘော်များ၏ ပြောပြချက်အရ အတည်ပြုနိုင်သည်မှာ သံပုရာသီးဖြင့် အနီးကပ်ပစ်ပေါက်မှုတွင် ခွေး ၂ ကောင်မြောက်တက်၊ ရဲဘော် ကျားရိုင်းလက်ချက်ဖြင့် ၁ ကောင်၊ ရင်း၆မှ ရဲဘော်လက်ချက်ဖြင့် ၁ ကောင် ၊ 79 LL ဖြင့် အနည်းဆုံး ၁ ကောင် စုစုပေါင်း အနည်းဆုံး ၅ ကောင် ဘဝပြောင်းပြီး လက်တစ်ဖက်ပြတ် ဒဏ်ရာရသွားသော ခွေး ၁ ကောင် ရှိခဲ့သည်” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်- Myanmar’s Royal Dragon Army ( MRDA ) က ယနေ့ ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor