သတင်း

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

ဒီလှိုင်း မင်းဘူး၊ ဖော်ဝါရီလ ၉ ရက်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဖော်ဝါရီလ ၉ ရက်နေ့က လူ ၄ သိန်းကျော် အာဏာသိမ်းစစ်အစိုးရကို လမ်းပေါ်ထွက်ချီတက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ Red News Agency
Read More
စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

RNA-ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၅ ရက်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တော အ.ထ.က ကျောင်း (ဘောလုံးကွင်း) အတွင်း အခြေခံံ ဆရာ ဆရာမများက ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်ကို အကြွင်းမဲ့ယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ် လိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စသည်ဖြင့် ဖေဖော်ဝါရီ လ ၅ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။ “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။ Red News Agency
Read More
နိုင်ငံတော်သမ္မတနှင့် UECကိုထောက်ခံကြောင်းရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်

နိုင်ငံတော်သမ္မတနှင့် UECကိုထောက်ခံကြောင်းရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်

ဇင်လင်းနိုင် ရန်ကုန် ၊ ဇန်နဝါရီ ၂၄ရက်။ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဆန္ဒဖော်ထုတ်ပွဲသူများက နိုင်ငံတော်သမ္မတနှင့်ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုထောက်ခံကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ထောက်ခံကြောင်း၊ပြည်သူတင်မြောက်တဲ့ အစိုးရသစ်ကိုလှိုက်လှဲစွာ ကြိုဆို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရှင်သန်ရေးကိုထောက်ခံကြောင်း၊ တတိယအကြိမ်လွှတ်တော်ကို NLDမှခေါ်ယူခြင်းကို ကြိုဆိုထောက်ခံကြောင်း စသည့် စာသားပါ ဗီနှိုင်းများကိုင်ဆောင် ကာ ယင်းကြွေကြော်သံများဖြင့် ဆူးလေစေတီတော်အား တပတ်လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခြင်း၊မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ယင်းဆန္ဒဖော်ထုတ်ပွဲအား သက်ဆိုင်ရာ ငြိမ်းစုစီ ခွင့်ပြုချက် တင်ပြကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း…
Read More
COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

ဇင်လင်းနိုင်။ ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက််။ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အတွင်းရှိ (ဌ) စျေးနှင့် မြဥယျာဉ် စိုက်ပျိုးရေးခြံ မွန်ကွေ့ စျေးတို့မှ စျေးသည်များ၊ စျေးဝယ် ပြည်သူများကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက COVID-19 Community Centre North Okkalapa (CCCN) မှ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်ချက်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်

မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်ချက်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်

ဒီလှိုင်း မကွေး၊ ဒီဇင်ဘာ ၁၇ ရက်။ မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်သဖြင့် ဒီဇင်ဘာလ ၁၇ရက်နေ့နံနက် ၉နာရီမှ၁၀နာရီအချိန်ထိ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။ ဆန္ဒထုတ်ဖော်သူများက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ(ဆန့်ကျင်ကြဆန့်ကျင်ကြ)၊ လွတ်လပ် သည့်စုံစမ်းစစ် ဆေးရေးကော်မရှင်အမြန်ဆုံး ဖွဲ့စည်းပေးရေး(ဒို့အရေး ဒို့အရေး)၊ ကြိုတင်မဲများစစ်ဆေးပေးရေး(ဒို့အရေး ဒို့အရေး)၊ ငွေ​ကြေးဖြင့်မဲဆွယ်စည်းရုံးမှု (အလိုမရှိ အလိုမရှိ)၊ ဥပဒေနှင့် မညီသောရွေးကောက်ပွဲ ရလဒ်(အလိုမရှိအလိုမရှိ) စသည့်ကြွေးကြွေးသံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ” မျှမျှတတပြန်ဖြစ်ချင်ပါတယ်၊ မှန်မှန် ကန်ကန် ပြန်ဖြစ်ချင်ပါတယ်၊ပြန်ပြီးရွေးကောက်ခိုင်းတာမဟုတ်ပါဘူး၊ပြန်ပြီး စစ်ဆေးပေးစေချင်တာ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဒေါ်စန္ဒာသိန်းကပြောသည်။ ရွေးကောက်ပွဲကော်မရှင်အား ခွင့်ပြုချက်နှင့်အညီဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ထံငြိမ်းစုစီတင်၍ဆန္ဒထုတ်‌ဖော်ခဲ့ကြောင်း သိရသည်။ ” ထုံးပေါက်တောရွာမှာ သေဆုံးသူရဲ့စာရင်းကိုမဲစာရင်းပေးထားပါတယ်၊အင်တိုင်းကြီးရွာမှာဦးဇင်းဝတ်နဲ့မဲပေးထားတာရှိပါတယ်၊ပဌနဂိုရ်မှာဆိုရင် အသက်မပြည့်ဘဲနဲ့မဲပေး…
Read More
ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူ အများအပြားကို COVID-19 ကာကွယ်ရေးအတွက် COVID-19 Community Centre North Okkalapa (CCCN)က ဒီဇင်ဘာ ၁၃ ရက်နေ့ညနေက Maskများ လိုက်ဝေခဲ့သည်။ ကန်သာယာပြည့်သူ့ပန်းခြံအတွင်း ကလေးလူကြီးအပါအဝင် အပန်းဖြေသူအများအပြားဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်ကြောင်း၊ COVID-19 ကူးစက်မှုသည်လည်း မြောက်ဥက္ကလာပမြို့တွင် ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သိရသည်။ CCCN သည််မြောက်ဥက္ကလာပမြို့နယ်အတွင်း COVID-19 နှင့် ပတ်သက်ပြီး အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ စျေးနှင့်ပန်းခြံတို့တွင် COVID-19 အသိပညာပေးနှင့်ပတ်သက်ပြီး လိုက်လံလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ချောက်မြို့တွင် UECကို ဆန္ဒပြ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ချောက်မြို့တွင် UECကို ဆန္ဒပြ

ဒီလှိုင်း ချောက်၊ နိုဝင်ဘာ၂၉ ရက်။ မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲခိုးမှုများ စစ်ဆေးပေးရေး၊ ကြိုတင်မဲများ စစ်ဆေးပေးရေတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာ လ ၂၈ ရင်နေ့က တောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။ ချောက်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံ ဝန်းရံသူ ၂၅ဦးကနိုဝင်ဘာလ ၂၈ရက်နေ့နံနက်ပိုင်းက ‌ချောက်မြို့ပြည်ခိုင်ဖြိုး‌ရုံးရှေ့မှ လမ်းမတော်လမ်းအတိုင်း အေးစေတီလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊အနော်ရထားတံတားထိပ်၊ရွှေတွင်းကုန်းအဆင်းလမ်း မှပျဉ်းမလမ်းအတိုင်း စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒထုတ်ဖော် ခဲ့ပြီး ချောက်မြို့မရဲစခန်းလမ်းဆုံမှ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံတွင် ပြန်လည်ရပ်နားခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်မှုတွင် ဥပဒေနှင့် မညီသောရွေးကောက်ပွဲရလဒ် အလိုမရှိ၊မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး၊COVIDငွေကြေးမဲဆွယ်ပေးအလိုမရှိ၊ကြိုတင်…
Read More
မိတ္ထီလာမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိဟုဆိုကာ UEC ကို ဆန္ဒပြ

မိတ္ထီလာမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိဟုဆိုကာ UEC ကို ဆန္ဒပြ

ဒီလှိုင်း မိတ္ထီလာ၊ နိုဝင်ဘာ ၂၈ ရက်။ ဓာတ်ပုံ – ထီလာကိုငယ်လေး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှု မရှိခြင်းအပေါ် ယနေ့ ( နိုဝင်ဘာလ၂၈ရက်‌) နံနက် ၉ နာရီမှ စတင်ကာ မိတ္ထီလာမြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ထီလာကိုငယ်လေး မိတ္ထီလာမြို့ ၊ ဈေးအရှေ့ပြင်ရပ်ကွက်၊မြောက်ကန်ဘောင်ထိပ် ဇော်ဆေးခန်းအနီးတွင် စုရပ်လုပ်ခဲ့ပြီး၊ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲအား ဦးဇေယျာဟိန်းကဦးဆောင်ပြီး၊ ဦးမြသွင်(ခ) ဦးမြင့်စန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှုမရှိခြင်း အကြောင်းအရာတို့ကို ဟောပြောခဲ့သည်။ ဓာတ်ပုံ – ထီလာကိုငယ်လေး ”…
Read More
ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟု ဆိုကာ ရေနံချောင်းတွင် ဆန္ဒထုတ်ဖော်

ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟု ဆိုကာ ရေနံချောင်းတွင် ဆန္ဒထုတ်ဖော်

ဒီလှိုင်း ရေနံချောင်း၊ နိုဝင်ဘာ ၂၄ ရက်။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက် သူဌေးကုန်းရပ်နေ ဦးကျော်ညွှန့်ဝေ ဦးဆောင်ပြီး ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။ ရေနံချောင်းမြို့ ၊ ကျောက်မဆင်အဝင် ဇရပ်တွင်စုဝေးခြင်း၊ ကျောက်မဆင်ရပ်အဝင်ဇရပ်မှ တွင်းကုန်း-ဘုရားကုန်းလမ်းအတိုင်း ကျောက်မဆင်အားကစားကွင်းအထိ စီတန်းလမ်းလျှောက်ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ တရားဝင်စာတင်ပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ ” ဆန္ဒပြတာကရလဒ်ကို မကျေနပ်လို့မဟုတ်ပါဘူး၊ရွေးကောက်ပွဲကြီးရဲ့ ဖြစ်စဉ်အပေါ်မှာ တရားမျှတမှုမရှိတာ‌တွေ၊ဥပ‌ဒေမဲ့မှုတွေ၊လွတ်လပ်မျှတမှုမရှိတာတွေကိုဖော်ထုတ်ဆန္ဒပြတာပါ၊လူအင်း၂၇ယောက် လောက်နဲ့မနက်၈နာရီလောက်မှာ စတင်စုဝေးပါတယ်၊ ၈နာရီခွဲလောက်မှာ စတင်စီတန်းလှည့်လည်ပါတယ်၊ ၉နာရီလောက်ဟောပြောပွဲစပါတယ်၊ဟောပြောပွဲကရေနံချောင်းမြို့နယ်ကျောက်မဆင်ကျေးရွာမှာပြုလုပ်ပါတယ်၊ဝန်းရံအင်းအားကတော့လုံခြုံရေးအဖွဲ့တွေကကျွန်တော်တို့ပတ်လည်မှာဝန်းရံခွင့် မပြုတဲ့အတွက် ဘယ်လောက်ရှိလဲဆိုတာ မှန်းမရပါဘူး၊ဝန်းရံသူတွေကျွန်တော်ဟောပြောတဲ့နေရာနဲ့ဝေးတဲ့နေရာတွေမှာဘဲထားတာပါ၊တစ်ကယ်တန်းဆိုဝန်းရံသူ၂၀၀ခန့်တော့ရှိမယ်ထင်ပါတယ်၊၅နှစ်တစ်ကြိမ်ဖြစ်တဲ့ရွေးကောက်ပွဲကြီးကိုတစ်ကဲယ့် ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်အောင်၊ စည်းကမ်းရှိအောင်၊သန့်ရှင်းမျှတအောင်အဲလိုလေးတွေကိုဦးတည်တဲ့အတွက်ဆန္ဒဖော်ထုတ်တာပါ၊၂၀၂၀ရွေးကောက်ပွဲကျင်းပရာတွင်ကျင်းပရာတွင်တရားမျှတမှုမရှိသည့်အတွက်ဒီနေ့ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်လျှောက်ထားပြီးကျင်းပပြုလုပ်ခဲ့ပါတယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဦးကျော်ညွှန့်ဝေကပြောသည်။ အရွယ်အစား၂ပေခွဲ×၂ပေရှိ ကတ်ထူပြား…
Read More