စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၀) ကျော်သေ

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ဖေဖော်ဝါရီ (၁၆) ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံးကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် ရေတာရှည်မြို့နယ် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၊စစ်ကောင်စီတပ်သားများထံမှ ပြည်သူများထံမှ အဓမ္မယူဆောင်လာသည့် လက်ဝက်ရတနာများပါသိမ်းဆည်းရမိခဲ့သည်ဟု ပဲခူး PDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း သေဆုံးနှင့် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများထံမှ MA3  (၄)လက်၊ MA11  (၂)လက်၊ MA2  (၁)လက်၊ ကျည်ဘောက်  (၁၈) ခု၊ ကျည်  (၅၂၀) တောင့်၊ (၆၀)မမဗုံးသီး (၂)လုံးနှင့် ရိက္ခာများ၊ ကျေးရွာပြည်သူများထံမှ အဓမ္မယူဆောင်လာသည့် လက်ကောက် (၂)ကွင်း၊ ဆွဲကြိုး (၁)ကုံး၊ လက်စွပ် (၁)ကွင်း၊ ဖုန်း(၃)လုံးတို့သိမ်းဆည်းရမိပြီး မူလပိုင်ရှင်ပြည်သူများထံ ပြန်လည်ပေးအပ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ အထိနာသေဆုံးသည့်အတွက် တိုက်ပွဲဖြစ်ပွားရာ ဝန်းကျင်ကို စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများကြောင့် အပြစ်မဲ့ပြည်သူ(၂)ဦး သေဆုံးခဲ့ရပြီး (၂)ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူပိုင်‌နေအိမ်နှင့် မြစ်ကူးတံတားတချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စကစအလောင်းများနှင့် သိမ်းဆည်းရရှိမှု ရုပ်သံကို https://t.me/rednewsagency/1696 တွင် ဝင်ရောက်ကြည့်ရှုပါ။

#RedNewsAgency

By Editor