ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းကို NUG လက်နက်တပ်ဆင် 

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊တောင်ပိုင်းစစ်ဒေသ၊ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ၃၊ပြည်သူ့ကာကွယ် ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ တိုက်ပွဲဝင်ရဲဘော်များကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က လက်နက်များ တပ်ဆင်ပေးအပ်​ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်​ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစတင်ကာ လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor