Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှ နန်းမယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်သည့် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် Justice-PDF ရဲဘော် ရဲလင်း၊ ရဲဘော် ငွေပု၊ ရဲဘော် မောင်ညို၊ ရဲဘော် ဝိုင်းချစ်တို့၏ တနှစ်ပြည့်အမှတ်တရ ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရဲဘော်များ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များ၏ အုတ်ဂူများကို ပြုပြင်မွန်းမံခြင်းနှင့် ဦးညွတ်အလေးပြုခြင်း၊ ဘုန်း‌တော်ကြီးကျောင်းတွင် ရဲဘော်များအတွက် ရည်စူး ဆွမ်းကပ်ခ့င်း၊ အလှူများပြုလုပ်ခြင်း စသည်တို့ပြုလြပ်ခဲ့ကြောင်း Justice-PDF ကထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ မိုးဗြဲတိုက်ပွဲအတွင်း နိုင်ငံအတွက် အသက်ပေးလှူခဲ့သော ရဲဘော်များ ကိုယ်လက်အင်္ဂါပေးလှူခဲ့ရသော ရဲဘော်များအား Justice – PDF မှ ခေါင်းဆောင်တပ်မှူးများနှင့် ရဲဘော်များမှ ဦးညွှတ်အလေးနီပြုလျှက်ရှိကြောင်း၊ မပြီးဆုံးသေးသည့် တာဝန်များအား မိမိတို့ တပ်ရင်းတပ်ဖွဲ့များမှ ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိပြီး ပိုမိုစနစ်ကျ ခိုင်မာသောကျစ်လစ်မှုရှိသော တပ်ရင်းများ တပ်ပေါင်းစုများအနေဖြင့်စုစည်းကာ မပြီးဆုံးသေးသည့် နွေဦးတော်လှန်ရေးတိုက်ပွဲများအား ရွပ်ရွပ်ချွန်ချွန် တော်လှန်တိုက်ပွဲ ဝင်လျှက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor