မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး “Project ဝရဇိန်” ကမ်ပိန်းအောင်မြင်မည်ဟု မနီလာသိန်းပြော

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

၈၈ မျိုးဆက် ကိုဂျင်မီနှင့် မနီလာသိန်းတို့အမည်ဖြင့် တော်လှန်ရေးပြည်သူတဦးက ” Project ဝရဇိန်” အတွက် သိန်း (၈၀) ကျပ် ယနေ့ လှူဒါန်းသွားခဲ့ကြောင်း သိရသည်။

ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့အတွက် အထူးစစ်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး ” Project ဝရဇိန်” ကမ်ပိန်း ပြုလုပ်နေကြောင်း၊ ယနေ့ စဖွင့်သည့်နေ့မှာကမ္ဘာအရပ်ရပ်မှ Fundraisers များနှင့် Donors များ၏ ပါဝင်လှူဒါန်းမှုမှာ USD10,000 ရရှိကြောင်း ဒို့ကမ်ပိန်းအဖွဲ့က အသိပေးထားသည်။

“တော်လှန်ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေ၊ စည်းလုံးမှုတွေနဲ့ပဲ ရှေ့ဆက်ရင်း Project ဝရဇိန် ဟာလည်း အောင်မြင်သွားမယ်လို့ ယုံကြည်မိပါတယ်။ တော်လှန်ပြည်သူတစ်ဦးက ၈၈ မျိုးဆက် အကိုကြီး ကိုဂျင်မီ နှင့် အမ မနီလာသိန်း တို့ နာမည်နှင့် Project ဝရဇိန် အတွက် ၈၈ သိန်း လှူဒါန်းသွားပါတယ်” ဟု မနီလာသိန်းက ပြောပြထားသည်။

” Project ဝရဇိန်” ဆိုတာ Fixed Wing Drone၏ စွမ်းရည်များကို ရုပ်သံနှင့်တကွတင်ပြထားပြီး၊ Drone တပ်မျ တောင့်တင်းလာပြီး၊ နည်းပညာတွေ အဆင့်မြင့်နိုင်ရေးအတွက် “Project ဝရဇိန်” မှာ အားဖြည့်ကူညီပေးကြရန်လိုအပ်ပြီး ၈၈ မျိုးဆက် မနီလာသိန်း ပထမဆုံး ဆောင်ရွက်သည့် ကမ်ပိန်းဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor