Red News Agency

Independent Journalism for Justice and Human Rights.

လယ်ကွင်းပြင်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် (၁၄) ဦးအတွက် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လယ်ကွင်းပြင်တိုက်ပွဲတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့သည့် သူရဲကောင်း အာဇာနည် (၁၄) ဦးအတွက် တနှစ်ပြည့် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း K.K.K Defence Force မှ ဆရာဦးစောထွေး၊ ဦးထွန်းထွန်းဝင်း၊ ဦးကျော်မိုးနှင့်ဦးဇော်မင်းထွန်း တို့အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော် (၁၄) ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးက ပြောသည်။

[embedyt] https://www.youtube.com/watch?v=VVsOpvKNCVw[/embedyt]

ရဲဘော် (၁၄) ဦး ကျဆုံးခဲ့ရသည့် (၁) နှစ်ပြည့် ယနေ့တွင် မိဘဆွေမျိုး ပြည်သူများနှင့်ရဲဘော်ရဲဘက်များက အာဇာနည်သူရဲကောင်းများအားအလေးပြုဦးညွှတ် ဂုဏ်ပြုခြင်း၊ ကြွေးကြော်သံများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခြင်း၊ တော်လှန်ရေးအတွက် ကတိသစ္စာပြုခြင်းနှင့်အတူ သွေးသေစ္စာသီချင်းသီဆိုမှု စသည့်တို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

Red News Agency