အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်စီးစဉ် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံသည် အသက်အသေခံကာ စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

Urban Underground Revolution Force (UURF -YSO) တပ်ခွဲမှ PDF ရဲဘော် ကိုပေနှင့်မချိုတို့သည် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် မင်္ဂလာဆောင်ကြမည်ဖြစ်ပြီး မိဘများရောက်ရှိလာသည့်အတွက် သဲတောကျေးရွာတွင် (၁) ညအိပ်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ခံခဲ့ရခြင်း ဖြစ်သည်။

” သူတို့အသက်ကို ပဓာနမထားပဲ စခန်းရှိရာ မိုင်းကွင်းထဲ အရောက်ပို့ပြီး နောက်ဆုံးအချိန်ထိ အဖွဲ့အပေါ် တော်လှန်ရေးအပေါ် သစ္စာရှိရှိနဲ့ ပေးဆပ်သွားခဲ့ပါပြီ။ တမလွန်မှာ ငြိမ်းအေးစွာ ဇနီးမောင်နှံနှစ်ယောက် ချစ်ခင်ပေါင်းဖတ်နိုင်ပါစေလို့မေတ္တာပို့ပါတယ်။ မပြီးသေးတဲ့ တော်လှန်ရေးကြီးကို ကျန်နေတဲ့ ရဲဘော်များမှ အသက်ကိုပင် ပဓာနအထားဘဲ အဆုံးထိ တိုက်ပွဲဝင်သွားပါ့မယ်” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ကျဆုံးခဲ့ရသည့် PDF ဇနီးမောင်နှံဖြစ်မည့် ရဲဘော်ကိုပေနှင့်မချိုတို့သည် Urban Underground Revolution Force (UURF -YSO) ရဲဘော်များဖြစ်သော်လည်း Southern YSO PDF အဖွဲ့နှင့်အတူ နေထိုင်တိုက်ပွဲဝင်နေကြောင်း၊ ဖမ်းဆီးခံရပြီး Southern YSO PDF စခန်းငယ်တခုကို လိုက်ပြရင်း မိုင်းကွင်းအတွင်း စစ်ကောင်စီတပ်သားများကို ခေါ်ဆောင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများသေဆုံးမှုရှိခဲ့ပြီး ရဲဘော်ကိုပေနှင့်မချိုတို့သည် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

သဲတောကျေးရွာဝင်စီးပြီ Southern YSO PDF စခန်းလာနေစဉ် အသင့်စောင့်ဆိုင်းနေသော Southern YSO PDF၊ Urban Underground Revolution Force (UURF-YSO) ဗိုလ်ရာဟု တပ်ခွဲ၊Shwe Nyar Myae People Defence Force(YSO)၊ Yesagyo Revolution Force (YRG)၊ ညီနောင်သုံးဖော်၊ Zarmani Blood Guerilla Army. Myaing အဖွဲ့တို့မှ မိုင်း ၃ လုံး ရှေ့ထွတ်ပြောင်း ၃ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရရှိခဲ့သည်ဟု Southern YSO PDF ကထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor