မိုးဗြဲတိုက်ပွဲ

Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Red News / Fact Check   ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။   စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ ------------------------------------ မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank)…
Read More
ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းမှ စစ်ထောက်လှမ်းရေး ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပန

ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းမှ စစ်ထောက်လှမ်းရေး ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပန

RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ရင်း ကျဆုံးခဲ့ရသော PDF၊ ရှမ်းတောင်/ကယား(ကရင်နီ) စစ်တိုင်း၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းတွင် စစ်ထောက်လှမ်းရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပနခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မိုးဗြဲတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည် ရဲဘော် (၂) ဦးဈာပန

မိုးဗြဲတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည် ရဲဘော် (၂) ဦးဈာပန

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။   ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲတိုက်ပွဲအတွင်း ယနေ့ ကျဆုံးခဲ့ရသော လွိုင်ကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် အာဇာနည် ရဲဘော်အောင်ကျော်ဌေး၊ အာဇာနည် ရဲဘော်ခန့်စည်သူအောင်တို့ ဈာပနအခမ်းအနားအား ယနေ့ ပြုလုပ်ခဲ့သည်ဟု Loikaw Local PDF Alpha.2 ကအသိပေးထားသည်။ (more…)
Read More
ကယန်းအမျိုးသားတပ်မတော် ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး ကျဆုံး

ကယန်းအမျိုးသားတပ်မတော် ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး ကျဆုံး

RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။ ကယန်းအမျိုးသားတပ်မတော် (KNA) ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုးသည် ဇန်နဝါရီလ ၁ ရက်နေ့ မိုးဗြဲတိုက်ပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကယန်းလူမျိုးများအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။ #RedNewsAgency #REDNEWS #RNA
Read More
တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ

တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး ဇွန်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးဗြဲ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော်နာတားလက်နှင့် ရဲဘော်ဂျော်နိုင်တို့ လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရသည့်အတွက် ဇွန်လ ၁၁ ရက်နေ့က ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ “ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျွန်တော်တို့ (MOBYE PDF 2) မှအားထားရသော စနိုက်ပါ ရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် ရန်သူဘက်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ရပါသည်” ဟု 1007 Battalion…
Read More
မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှ နန်းမယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်သည့် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် Justice-PDF ရဲဘော် ရဲလင်း၊ ရဲဘော် ငွေပု၊ ရဲဘော် မောင်ညို၊ ရဲဘော် ဝိုင်းချစ်တို့၏ တနှစ်ပြည့်အမှတ်တရ ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရဲဘော်များ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များ၏ အုတ်ဂူများကို ပြုပြင်မွန်းမံခြင်းနှင့် ဦးညွတ်အလေးပြုခြင်း၊ ဘုန်း‌တော်ကြီးကျောင်းတွင် ရဲဘော်များအတွက် ရည်စူး ဆွမ်းကပ်ခ့င်း၊ အလှူများပြုလုပ်ခြင်း စသည်တို့ပြုလြပ်ခဲ့ကြောင်း Justice-PDF ကထုတ်ပြန်ထားသည်။ (more…)
Read More
မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။ ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ…
Read More
ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန် RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။ " အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့်…
Read More
မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

RNA_ဖေဖော်ဝါရီ ၂၀၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ယနေ့အထိတိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒဏ်ရာရရှိသည့် ရဲဘော်များကို Moebye Rescue Team အဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ Photo: Roselin Ei Red News Agency
Read More