Tag: မိုးဗြဲတိုက်ပွဲ
-

Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်
Red News / Fact Checkရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ————————————မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank) ၏ ဆုတောင်းစကား “and trying to help,in Jesus’ name”ကို မျဉ်းဝါပြကာ “ကယား၊ ကရင်၊ ရခိုင်ဘက်က တိုက်ပွဲတွေက ပြည်ပကျူးကျော်စစ်တွေဖြစ်သလို ဘာသာရေးစစ် အသွင်ကိုလည်း ဆောင်တယ်။ ဘူမသိ ကိုးမသိ ဗမာငပိန်းတွေက ပိန်းပိတ်နေဆဲပဲ” (မူရင်းအရေးအသား) ဟု စစ်ကောင်စီလော်ဘီ Ko Thet ချန်နယ်မှ ဇူလိုင် ၃ တွင် စတင်၍ ဝါဒဖြန့်နေသည်။ -

ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းမှ စစ်ထောက်လှမ်းရေး ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပန
RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ရင်း ကျဆုံးခဲ့ရသော PDF၊ ရှမ်းတောင်/ကယား(ကရင်နီ) စစ်တိုင်း၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းတွင် စစ်ထောက်လှမ်းရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပနခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
-

မိုးဗြဲတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည် ရဲဘော် (၂) ဦးဈာပန
RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲတိုက်ပွဲအတွင်း ယနေ့ ကျဆုံးခဲ့ရသော လွိုင်ကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် အာဇာနည် ရဲဘော်အောင်ကျော်ဌေး၊ အာဇာနည် ရဲဘော်ခန့်စည်သူအောင်တို့ ဈာပနအခမ်းအနားအား ယနေ့ ပြုလုပ်ခဲ့သည်ဟု Loikaw Local PDF Alpha.2 ကအသိပေးထားသည်။ -

ကယန်းအမျိုးသားတပ်မတော် ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး ကျဆုံး
RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။ကယန်းအမျိုးသားတပ်မတော် (KNA) ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုးသည် ဇန်နဝါရီလ ၁ ရက်နေ့ မိုးဗြဲတိုက်ပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကယန်းလူမျိုးများအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။ -

တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ
RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး ဇွန်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးဗြဲ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော်နာတားလက်နှင့် ရဲဘော်ဂျော်နိုင်တို့ လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရသည့်အတွက် ဇွန်လ ၁၁ ရက်နေ့က ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျွန်တော်တို့ (MOBYE PDF 2) မှအားထားရသော စနိုက်ပါ ရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် ရန်သူဘက်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ရပါသည်” ဟု 1007 Battalion – MOBYE People Defence Force MBPDF B- 02 ကထုတ်ပြန်ထားသည်။
-

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ
RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
-

Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်
RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။
ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှ နန်းမယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်သည့် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် Justice-PDF ရဲဘော် ရဲလင်း၊ ရဲဘော် ငွေပု၊ ရဲဘော် မောင်ညို၊ ရဲဘော် ဝိုင်းချစ်တို့၏ တနှစ်ပြည့်အမှတ်တရ ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရဲဘော်များ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များ၏ အုတ်ဂူများကို ပြုပြင်မွန်းမံခြင်းနှင့် ဦးညွတ်အလေးပြုခြင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ရဲဘော်များအတွက် ရည်စူး ဆွမ်းကပ်ခ့င်း၊ အလှူများပြုလုပ်ခြင်း စသည်တို့ပြုလြပ်ခဲ့ကြောင်း Justice-PDF ကထုတ်ပြန်ထားသည်။
-

မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ်
RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
-

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်
ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်
RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ဝါှရီဆူးပလိုင်၊ လေဝိုး၊ ဝီသဲကူး(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။
” အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ညနေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ညနေ (၅)နာရီအချိန်တွင် တိုက်လေယာဥ် (၂)စီး စုစုပေါင်း (၄)စီးဖြင့် (၉)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ (more…)
-

မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ဆေးကုသပေးနေသည့် မြင်ကွင်း
RNA_ဖေဖော်ဝါရီ ၂၀၊၂၀၂၂ ခုနှစ်။

Photo: Roselin Ei ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ယနေ့အထိတိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒဏ်ရာရရှိသည့် ရဲဘော်များကို Moebye Rescue Team အဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Photo: Roselin Ei
Red News Agency













