ပုသိမ် – မုံရွာလမ်းမကြီး လမ်းပိုင်းနေရာတချို့ကို PDF များထိမ်းချုပ်ထား

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်းအတွင်းမှ ဖြတ်သန်းဖောက်လုပ်ထားသည့် ပုသိမ် – မုံရွာလမ်းမကြီး၏ တချို့သော လမ်းပိုင်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် – PDF များက ထိမ်းချုပ်ထားကြောင်း သိရသည်။

အနောက်ပိုင်းတပ်ရင်း(၇၀၃)မှ ရဲဘော်များသည် ပုသိမ် – မုံရွာ လမ်းမကြီးပေါ် သွားလာနေသည့် ပြည်သူများကိုတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နယ်မြေများ၌ ခရီးသွားလာရာတွင် အခက်အခဲများရှိပါက ကူညီနိုင်ပေးနိုင်ရန် ပြည်သူများကို မေးမြန်း ကူညီပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဆိပ်ဖြူမြို့နယ်အတွင်း ပုသိမ် – မုံရွာလမ်းအတိုင်းရောက်ရှိလာပြီး ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရကာ အသေအဆုံးများခဲ့သည်။

မကွေးတိုင်းအတွင်းရှိ ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းများစွာလှုပ်ရှားနေကြပြီး စစ်ကောင်စီတပ် စစ်ကြောင်းများ မကြာခဏတိုက်ခိုက်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

#RedNewsAgency

By Editor