ဖားကန့်၌ KIA ဒုတိုက်နယ်မှူး၏နေအိမ် ဝင်စီးခံရပြီး (၆) ဦးဖမ်းဆီးခံရ

RNA_ဖားကန့်၊ မတ်(၁၅)၊၂၀၂၃ ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာ၊ သောင်းချိုကွက်သစ်အတွင်း KIA ဒုတိုက်နယ်မှူး တန်ဆိုင်း၏ နေအိမ်အား စစ်ကောင်စီတပ်သားများက ယနေ့နံနက် (၅) နာရီကျော်ခန့်က ဝင်ရောက်စီးနင်းကာ (၆) ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။
 
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများတွင် နော်လီ၊ ကိုဒွဲဂျာ၊ ကိုလအောင်၊ ကိုဂွမ်ထန်နော်အောင်၊ ကိုဆွတ်လွတ်နော်လတ်နှင့် အခြားအမည်မသိသူ တစ်ဦး စုစုပေါင်း (၆)ဦး ဖမ်းဆီးခံရပြီး ဒုတိုက်နယ်မှူး တန်ဆိုင်းမှာ ဖမ်းဆီးခံရခြင်းမရှိပဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
 
ဖားကန့်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် KIA/KIO အဖွဲ့၏ တိုက်နယ်မှူး/ဒုတိုက်နယ်မှူးများက အုပ်ချုပ်ရေးမှူးများအဖြစ် ဆောင်ရွက်ကြောင်း ကချင်အသိုင်းအဝန်းနှင့်နီးစပ်သူများထံမှ သိရသည်။

ဖားကန့်၌ ယခုလ (၁၁)ရပ်နေ့ကလည်း ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်သားများက ဝင်ရောက်စီးနင်းကာ (၇)ဦးခန့်အား ဖမ်းဆီးခဲ့သေးသည်။
 
ဓာတ်ပုံ – ၂၀၂၁ ခုနှစ်အတွင်း ဖားကန့်၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ‌နေသည့် ပြည်သူများကို ဖမ်းဆီးနေသည့် မြင်ကွင်း
 
#RedNewsAgency
By Editor