14
Jan
RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF) က အသက် (၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရသည်ဟု သိရသည်။ စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုနှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေချိန် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီဘက်က စနိုက်ဘာဖြင့် ပစ်ခတ်သည့်အတွက် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရခြင်းအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း၊ တိုင်းပြည်အတွက်…