TPCC

ဖက်ဒရယ်နှင့်တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းဆွေးနွေးပွဲအောင်မြင်

ဖက်ဒရယ်နှင့်တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းဆွေးနွေးပွဲအောင်မြင်

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။   တအာင်းပြည်နယ်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC မှ ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတတိယမူကြမ်း ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။   ထိုအစည်းအဝေး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နှင့်၁၂ ရက်နေ့က PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိအရာခံများ၊ တအာင်းနိုင်ငံရေးခေါင်းဆောင်များ၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ အပါအဝင် (၁၅၀)ကျော်တက်ရောက်ခဲ့ကြောင်း၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်ဟု PSLF/TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း ၁၂ ခန်းပါဝင်ပြီး ပြည်နယ်သားများ၏ အခွင့်အရေးနှင့် တာဝန်များ၊…
Read More