မြောက်ပိုင်းမဟာမိတ်(၇)ဖွဲ့

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More
ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုအပေါ် UWSA ဦးဆောင်သည့် FPNCC ထောက်ခံ 

ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုအပေါ် UWSA ဦးဆောင်သည့် FPNCC ထောက်ခံ 

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း FPNCC ကယနေ့ ထုတ်ပြန်ထားသည်။ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေညှိနှိုင်းရေးကော်မတီ ( FPNCC) လုပ်ငန်းအစည်းအဝေးကို "ဝ" ပြည်နယ် ပန်ခမ်းမြို့တွင် မတ်လ (၁၅)/(၁၆) ရက်တို့က ပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်သည့် မြောက်ပိုင်းမဟာမိတ်(၇) ဖွဲ့ဖြစ်သည့် UWSP၊ KIA၊ PSC၊ SSPP၊ MNTJP၊ ULA၊ PSLF ခေါင်းဆောင်များတက်ရောက်ခဲ့သည်။ #RedNewsAgency
Read More