07
Oct
RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများတွင်အခြေစိုက်ကာ သတင်းရေးသားဖော်ပြနေသည့် သတင်းမီဒီယာ (၅) ခုကို ဖမ်းဆီးရန် အမှုဖွင့်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက အောက်တိုဘာ (၆) ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဖြေကြားပြောဆိုထားသည်။ စစ်အုပ်စု ထိန်းချုပ်ထားသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းလွှတ်တော်အမတ် ဒေါ်သန်းသန်းအေးက ပြည်ပနိုင်ငံများတွင် နေထိုင်ပြီး နိုင်ငံတော်’ အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသူများကို အရေးယူရန် ရှိ မရှိ မေးမြန်းမှုအပေါ် စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် မမှန်မကန်ရေးသားဖော်ပြခြင်း ဆောင်ရွက်နေသူများနှင့် သတင်းမီဒီယာများဖြစ်သည့် မြန်မာနောင်း၊ ခေတ်သစ်၊ မဇ္ဈိမ၊ ဒီဗွီဘီ၊…