မင်းအောင်လှိုင်အကြံ ဒါအကုန်ပဲလား 

မလုပ်ရဲတာ ဘာမှမရှိတဲ့ ” မအလ တစ်သိုက်သည် Silent Strike အသံတိတ်ကိုမူ ကြောက်ဒူးတုန်၏။ လက်နက်ကြီးတကားကား ကိုင်ထားကြသူများ Silent Strike ကို အသေကြောက်၏။ Silent Strike မအောင်မြင်အောင် အကြံအမျိုးမျိုးထုတ်၏

အကြမ်းဖက်မင်းအောင်လှိုင်အဖွဲ့၏ အာဏာလု စစ်ကောင်စီ သက်တမ်းဟာ ယနေ့ ပြည့်ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက် အုပ်စုက လူထုရွေးချယ်တင်မြောက်ထားသော သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ အစိုးရအဖွဲ့ဝင်များ၊ NLD အစိုးရလက်ထက်ကတည်းက မအလ အုပ်စုတစ်သိုက် အမုန်းအာဃာတ အငြိုးထားသူအားလုံးကို မတရားဖမ်းဆီးခဲ့သည်။ထိုသို့ ဖမ်းဆီးခဲ့ရာတွင်လည်း

ပြည်သူ ကျွေးသည့် ထမင်းစားပြီး ပြည်သူဘဏ္ဍာငွေကို လစာယူထားသည့် အလနောက်လိုက်များက လက်နက်လူအင်အားအများအပြားသုံးကာ အကြမ်း ဖက်ဖမ်းဆီးခဲ့သည်။ ထို့နောက် အကြမ်းအာဏာလု အဖွဲ့ ၂ နှစ်အထိ သက်တမ်းတိုးရှိသည့် စစ်ကောင်စီကို ဖွဲ့ကာ ပြည်သူကို အကြောက်တရားသွင်းကာလက်နက် ဖြင့်အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကာလအတွင်းလည်း တိုင်းပြည်၏ အခြေ အနေမှာ ယိုယွင်းပျက်စီးခဲ့သည်။ ပြည်သူလူထုကလည်း လုံးဝ အုံးချုပ်ခွင့်မရ ဆိုသည့်အတိုင်း ပုံစံမျိုးစုံ နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိနေသည်။

ယနေ့သည် စစ်ကောင်စီ သက်တမ်း နိဂုံးချုပ်သွားသည့်နေ့ ဖြစ်ပြီး လူထုကလည်း သွေးမအေးကြောင်း ထုတ် ဖော်ပြသတော့မည်။ စစ်ကောင်စီ တစ်ဖြစ်လဲ အာဏာလု မအလ တစ်သိုက် တိုင်းပြည် အာဏာ ဆက်လုရေး နည်းမျိုးစုံဖြင့် ကလိန်ကကျစ်လုပ်ပေအုံးတော့မည်။

မနက်ဖြန် ဖေဖော်ဝါရီ ၁ရက်ဆိုလျှင် ခေါင်းပေါင်း ပြောင်းမည် မျက်နှာဖုံး လဲတပ်မည်။ မအလကခေါင်းစီး စာတန်းပြောင်း ဆိုင်းဘုတ်ပြောင်းပြီး ပွဲထွက်လာပေအုံးတော့မည်။ဘမည်သို့ပင် မျက်နှာဖုံးလဲ ခေါင်းပေါင်းပြောင်းလဲပါစေ မအလ ရုပ်သည် ပြည်သူများ စက်ဆုပ်ရွံစရာကောင်းသည့် ဘီလူးရုပ်သာ ထွက်ပေါ်နေပေလိမ့်မည်။ အောက်တန်းကျသည့် အောက်တန်းစား ဘီလူးရုပ်ဖြင့်သာ ပွဲထွက်လာမည် ဖြစ်ပေသည်။ ပြည်သူလူထုက မအသလို မအလ တစ်သိုက်ကလည်း အာဏာသည်သာ အဓိက ဖြစ်နေ၍ အာဏာဆက်လုနိုင်ရေး မလုပ်ရဲသည်များကို လုပ်ပြနေလိမ့်မည်။

ဓာတ်ပုံ – ယနေ့ မင်းအောင်လှိုင်နှင့်အဖွဲ့ ကာ/ လုံအစည်းအဝေးကျင်းပစဉ်။

” မလုပ်ရဲတာ ဘာမှမရှိတဲ့ ” မအလ တစ်သိုက်သည် Silent Strike အသံတိတ်ကိုမူ ကြောက်ဒူးတုန်၏။ လက်နက်ကြီးတကားကား ကိုင်ထားကြသူများ Silent Strike ကို အသေကြောက်၏။ Silent Strike မအောင်မြင်အောင် အကြံအမျိုးမျိုးထုတ်၏။ နိုင်ငံအဝှမ်းက မြို့နယ်များတွင် ဆိုင်ကယ် စက်ဘီးများကို အပြစ်ရှာပြီး အကြောင်းမဲ့ ဖမ်းနေကြသည်ဟု လူမှုကွန်ယက်ပေါ်တွင် ရေးသားထားသည်များရှိနေသည်။ ယနေ့ဘာ့ကြောင့်ဖမ်းသနည်း၊ မနက်ဖြန် ပြန်ရွေးခိုင်းမည်။ ရွေးရမည့်အချိန်သည် နံနက် ၁၀ မှ ညနေ ၃ နာရီ ဖြစ်နေသည်။

ထိုနေ့ထိုအချိန်အခါသည်Silent Strike သတ်မှတ်ပြုလုပ်ကြမည့် အချိန်အခါဖြစ်သည်။ လမ်းပေါ်တွင် လူစည်အောင် လူထွက်အောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။ တိုက်ဆိုင်စွာပင် တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်သည်။

“မအလ အကြံ ဒါ အကုန်ပဲလား” ဟု မေးလျှင် ရှိသေးသည်။ ထိုနေ့တွင် ဆိုင်များကို ဖွင့်ရမည်ဟု မအလ လက်အောက်ခံ စည်ပင်ဆိုသူများက ပိုင်ရှင် များကို လက်မှတ်ထိုးခိုင်းထားသည်ဟု ကြားရသည်။ တစ်ခြားနည်းလမ်းများလည်း ရှိနေနိုင်သည်။ ကညန ရုံးများ၊ ပတ်စပို့စ်ရုံးများ ဖွင့်နိုင်သည်။ လုပ်ငန်းလိုင်စင်ချပေးခြင်း၊ တင်ဒါလျှောက်လွှာများ ထုတ်ပေးခြင်းလည်း လုပ်နိုင်သည်။

အကြမ်းဖက်တပ်ထောင်ခံပွဲ ဘာပွဲ ညာပွဲ လုပ်ပွဲများ လုပ်ကြမည်။ သူ့ဥာဏ်သူ့အကြံဖြင့် လူစည်အောင် လုပ်ပြမည့်သဘောဖြစ်သည်။ထိုအခြေအနေတွင် လူစည်းဘီလူး ကွဲပြားသွားမည် ဖြစ်ပေသည်။ ထိုအခြေအနေကို ကြည့်လျှင် မအလတစ်သိုက် Silent Strikeကို သေမလောက် ကြောက်နေကြခြင်း ဖြစ်သည်။

ဓာတ်ပုံ – ယနေ့ မင်းအောင်လှိုင်နှင့်အဖွဲ့ ကာ/ လုံအစည်းအဝေးကျင်းပစဉ်။

ပြည်သူက သွေးမအေးကြပါ။ တောထဲတောင်ထဲဘအပင်ပန်းဆင်းရဲခံနေကြရသည့် ပြည်သူ့ရဲဘော်များနှင့်အတူ ရှိနေကြပါသည်။ တစ်ချို့က ဆိုင်များကို ဟန်ပြလောက်သာ ဖွင့်ထားကြမည်။ တစ်ချို့က မနက် ၁၀ ညနေ ၃ အတွင်း ပေါ်တင်ပိတ်ကြမည်ဟု သိရသည်။ လမ်းဘေးဆိုင်များသည်လည်း သွေးမအေးကြောင်း ပြသကြမည်။ ဟင်းသီးဟင်းရွက် သားငါးဆေးသည်များသည်လည်း မနက် ၉ နာရီအတိ အပြတ်ဖြတ် ရောင်းချပြီး ဆိုင်ပိတ်သိမ်းကြမည်ဟု သိရသည်။

အာဏာလု မအလက မအလအလုပ်ပဲဆက်လုပ်နေမည်ဖြစ်သည်။ ပြည်သူကလည်း တိတ်ဆိတ်ခြင်းဖြင့် အကျယ်လောင်ဆုံး ဟစ်ကြွေးကြတော့မည် ဖြစ် သည်။ အိမ်တွင်နေကြမည်။ ကလစ်ကြမည်။ ပြည်သူများ သွေးမအေးကြောင်း ပြသကြတော့မည်။

#RedNewsAgency

By Editor