ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည်

BNA(Anailysis)

မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်းဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။

ထိုကဲ့သို့အကြမ်းဖက်နှိမ်နင်းရေးကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဟုသုံးနှုန်းခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝန်းကမူ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်းခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားကြသည်။

မြန်မာစစ်တပ်၏နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင်း ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့ နယ်များမှ ရိုဟင်ဂျာလူမျိုးသောင်းနှင့်ချီပြီးသတ်ဖြတ်ခံခဲ့ရသည့်အပြင် နောက်ထပ်ရိုဟင်ဂျာလူမျိုးများ လည်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသက်လုထွက်ပြေးခဲ့ကြရသည်။

ထိုနယ်မြေရှင်းလင်းရေးစစ်ဆင်မှုအတွင်း၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁ ၈ခုနှစ်၊မတ်လအထိ ထိုသုံးမြို့နယ်ရှိရိုဟင်ဂျာကျေးရွားပေါင်း ၃၆၂ ရွာမီးရှုံ့ခံခဲရကာ လူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ် စွန့်ခွါထွက်ပြေးခဲ့ကြရကြောင့် လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Right Watch-HRW) မှ ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရကမူ ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ မူဆလင် ကျေးရွာပေါင်း မောင်တောမြို့ နယ်တွင် ၁၄၅ ရွာ| ဘူးသီးတောင်မြို့နယ်တွင် ၁၂ ရွာ| ရသေ့တောင်မြို့နယ် တွင် ၁၉ ရွာ|စုစုပေါင်း ၁၇၆ ရွာမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကာ ဘူးသီးတောင်မြို့တွင် ၃၄ ရွာမှာ တချို့တဝက်သာထွက်ပြေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

ထိုအချိန်က ဒုသမ္မတဦးမြင့်ဆွေဦးဆောင်သော”မောင်တောဒေသစုံစမ်းစစ်ဆေးရေး”အစီရင်ခံစာထဲမှာ မောင်တောခရိုင်တွင် တိုင်းရင်းသားမျိုးနွယ်စုများခုနှစ်သောင်းကျော်|မူဆလင်လူဦးရေ ခုနှစ်သိန်းငါး သောင်းကျော် စုစုပေါင်းရှစ်သိန်းကျော်ရှိပြီး တိုင်းရင်း သားကျေးရွာ ၂၄၀ ရွာ|မူဆလင်ကျေး ရွာ ၄၄၇ ရွာ|ရောနှော ၁၂ ရွာနဲ့အခြား၄ ရွာရှိကြောင်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်များအရရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြ ရသည်ဟု ခန့်မှန်းကြသည်။

ထိုအချက်များကြောင့် ဂမ်ဘီယာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး(IC J)သို့ မြန်မာအစိုးရကို တရားစွဲဆိုရန် တင်သွင်းလျှောက်ထားခြင်းကို ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြု လုပ်ခဲ့သည်။

ထိုတင်သွင်းလွှာတွင်“လူမျိုးတုံးလုပ် ဆောင်မှုစာချုပ်အရ ရိုဟင်ဂျာလူမျိုး စု/အုပ်စု၏ အခွင့်အရေး များကို ပြန်လည်အစားထိုး၍မရနိုင်သော နောက် ထပ်ထိခိုက်နစ်နာမှုများမှ အကာအကွယ်ပေးရန် ”အတွက် အကြိုအစီအမံများကိုလည်း တောင်းဆိုခဲ့သည်။

”လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ ”နိုင်ငံသား၊လူမျိုး၊ဇာတိ၊မျိုးနွယ်တူလူမျိုး စု သို့မဟုတ် ဘာသာရေး အုပ်စုတစ်ခုလုံးကို သို့မဟုတ် အစိတ်အပိုင်းတစ်ရပ်ကိုဖျက်ဆီးရန်”ရည်ရွယ်ချက်ဖြင့် လုပ်ရပ်ငါးမျိုး ထဲမှတစ်မျိုးသို့မဟုတ်တစ်မျိုးထက်ပိုသောလုပ်ရပ်တစ်ခုခုကို ကျူးလွန်သောအခါ လူမျိုးတုံးသတ်ဖြတ်မှုမြောက် သည်။”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ထိုဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ (၅၇)နိုင်ငံ၏ထောက်ခံမှုဖြင့် အပြည်ပြ ည်ဆိုင်ရာတရားရုံး(International Court of Justice, ICJ)တွင် လူမျိုးတုံးလုပ်ဆောင်မှု ကာကွယ်ရေးနှင့်ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာသဘောတူစာချုပ် Convention on the Prevention and Punishment of the Crime of Genocide (“လူမျိုးတုံးလုပ်ဆောင်မှုစာချုပ်”)ကို မြန်မာအစိုးရက ချိုးဖောက်ကာ ရခိုင် ပြည်နယ်ရှိရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲထားခြင်းဖြစ်သည်။

ထိုဂမ်ဘီယာနိုင်ငံသည် အဆိုပါစာချု ပ်ပါ “လူမျိုးတုံးလုပ်ဆောင်မှုအတွက် နိုင်ငံတစ်နိုင်ငံ၏ တာဝန်နှင့် စပ်လျဉ်း၍ ”ဆိုသည့်အပိုဒ် (၉)အရ အမှုတင်သွင်း ခဲ့သည့်အတွက် နိုင်ငံများအကြားအငြင်းပွားမှုများကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က လက်ခံတရားစွဲဆိုခွင့်ပြုထားသည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးလုပ်ဆောင်မှုဆိုင်ရာစာချုပ်ကို ၁၉၅၆ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေး ထိုးခဲ့သဖြင့်အပြည်ပြည်ဆိုင်ရာတရားရုံးသည်ထို တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမိန့်တစ်ရပ်ချမှတ်ပေးခဲ့သည်။

ထိုအမိန့်အရ လူမျိုးတုံးလုပ်ဆောင်မှုဆိုင်ရာစာချုပ်တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသောလုပ်ရပ်များအား ကျူးလွန်ခြင်းကိုတားဆီးရန်အတွက်“ မြန်မာနိုင်ငံအတွင်းရှိ အစီအမံအားလုံးကို လုပ်ဆောင်ရန် ”တရားရုံးက မြန်မာအစိုးရကို ညွှန်ကြားခဲ့သည်။

ထိုအမိန့်တွင် မြန်မာနိုင်ငံ၏ စစ်တပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အထက်ပါ လုပ်ရပ်များ ကျူးလွန်ခြင်းကို ရပ်တန့်ရန်မဖြစ်မနေလုပ်ဆင်ရမည်ဟုလည်း ပါ၀င်သည်။

ထိုအပြင်”သက်သေခံအထောက်အထားများကို ဖျက်ဆီးခြင်းမှကာကွယ်ရန်နှင့်၎င်းအထောက်အထား များကို ထိန်းသိမ်းထားကြောင်း သေချာစေရန်ထိရောက်သောအစီအမံများလုပ်ရန် ”လည်း တရားရုံးက မြန်မာနိုင်ငံအား အမိန့်ချမှတ်ခဲ့သည်။

ထိုကဲ့သို့သက်သေခံအထောက်အထားများကို ဖျက်ဆီးခြင်းမှကာကွယ်ရန်နှင့်၎င်းအထောက်အထား များကို ထိန်းသိမ်းထားရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက အမိန့်ထုတ်ထား မြစ်ခဲ့သော်လည်း မြန်မာစစ်တပ်မှလိုက်နာဆောက်ရွက်ခြင်းမပြုသည့်အပြင် ထိုရိုဟင်ဂျာအလောင်း များနှင့်မီးရှို့ဖျက်ဆီးခံထားရသည့်ရိုဟင်ဂျာကျေးရွာများတွင် စခန်း၊တပ်ရင်း၊ဗျူဟာ၊တပ်မများ တည် ဆောက်ပြီးသက်သေအထောက်အထားများကို ဖျက်ဆီးလိုက်သည်ကိုသာ တွေ့ရသည်။

ထိုအပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ)၏ ပထမဆုံးအကြိမ်ကြားနာမှုကို၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ တွင်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုချေပဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက်ခဲ့သည်။

ထိုနောက်မြန်မာဘက်က(၁)အမှုကိုစာရင်မှလုံးဝပယ်ဖျက်ဖို့၊(၂) မပယ်ဖျက်ပေးနိုင်ပါက ဂမ်ဘီယာဘက် မှ တောင်းဆိုထားသည့်ကြားဖြတ်စီမံချက်များဆောင်ရွက်ရမည့်ဟု အမိန့်မထုတ်ပေးဖို့စသည့် နှစ်ချက် ကို တောင်းဆိုခဲ့သည်။

သို့သော်လည်းနောက်ဆုံးတွင် မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမည့်အစီအမံများနှင့်ပုံမှန်အစီရင်ခံ စာများတင်သွင်းရန် တရားရုံးကအမိန့်ထုတ်ညွှန်ကြားခဲ့သည်။

ထိုကဲ့သို့တရားရုံး၏အမိန့်ညွန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန်ကြိုးစားပြီးအမိန့်ညွန့်ကြားချက် အချို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကထုတ်ပြန်ခဲ့သော်လည်း ထိုမောင်တောဒေသကို မထိန်း ချုပ်မလွှမ်းမိုးနိုင်ခဲ့ခြင်းနှင့်ထိုဒေသကို မြေပြင်တွင်ထိန်းချုပ်ထားသည့်မြန်မာစစ်တပ်မှမလိုက်နာသည့် အပြင် တရားရုံးအမိန့်ကို ဆန့်ကျင်သည့်အပြုအမူများကိုသာ ပိုမိုလုပ်ဆောင်နေခဲ့သည်။

ထို့နောက်တွင် အိုင်စီဂျေထိသွားရောက်ချေပကန့်ကွက်ခဲ့သည့်ရွေးကောက်ခံပြည်သူ့အစိုးရကို ၂၀၂၀ ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲအတွင်းမဲမသမာမှုများပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြီးမြန် မာစစ်တပ်မှ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ လ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့သည်။

ထိုအာဏာသိမ်းမှုသည့်နေ့မှယနေ့အထိအာဏာသိမ်းစစ်တပ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ရိုဟင်ဂျာ လူမျိုးများအားပြုလုပ်ခဲ့သည့်ထက်ပိုမိုဆိုးဝါးသည့်များကို ဆက်တိုင်းပြုလုပ်နေသည်။

ထိုရွေးကောက်ခံအမတ်အများစုဖြင့်ဖွဲ့စည်းထားသည့်NLD ကျောထောက်နောက်ခံပြုအမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)ကမူ NLD လက်ထက်က ချေပခဲ့ဖူးသည့် ICJ အမှုကို လက်ခံသဘောတူ ထားသည်။

ထိုအပြင်အာဏာသိမ်းစစ်တပ်၏မြန်မာပြည်တွင်းကျူးလွန်မှုများကိုလည်းနိုင်ငံတကာမှ အရေးယူရန် တောင်းဆိုထားပြီးအမေရိကန်ကမူ မြန်မာပြည်၏စစ်အာဏာရှင်တော်လှန်နေသူများနှင့်အဖွဲ့အစည်း များအား စစ်ရေးမဟုတ်သည့်အကူအညီများပေးမည့်ဥပဒေတစ်ခုကိုအတည်ပြုထားသည်။

ရိုဟင်ဂျာများအပေါ်လူမျိုးတုံးသတ်ဖြ တ်ခဲ့သည့်အမှုကိစ္စများအပြင်တစ်နိုင်ငံလုံးတွင်ကျူးလွန်နေ သည့်ပြစ်မှုများအတွက်လည်း စစ်ကောင်စီကို နိုင်ငံတကာမှအရေးယူရေးရန် တောင်းဆိုမှုများ၊အ မှုဖွင့်တရားစွဲဆိုမှုများကိုလည်းပြုလုပ်နေကြသည်။

ထိုအပြင်ကမ္ဘာ့ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ဖျက်ဖြင့် မြန်မာပြည်မှအာဏာသိမ်း စစ်ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူနိုင်ရေးတောင်းဆိုနေမှုများနှင့်ကြိုးစားလုပ်ဆောင်နေမှု များလည်း ရှိနေကြသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင်ဘော့စနီးယားရှိ မွတ်ဆလင်များလူမျိုးတုံးသတ်ဖြတ်ခံရမှုအ ကြောင်း ကြားနာစီရင်ခဲ့ဆုံးဖြတ်ခဲ့သည်များလည်း ရှိခဲ့ဖူးသည့်အတွက် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှမလွှဲမသွေအရေးယူနိုင်မည်ဟု နိုင်ငံတကာအရေးကျွမ်း ကျင်သူများက ဆိုကြသည်။

သို့သော်လည်း စစ်ကောင်စီသည့်လက်ရှိတွင် နိုင်ငံ့အာဏာကို မတရားရယူထားခြင်းနှင့်နိုင်ငံတကာ တရားစီရင်းရေးစနစ်အရအချိန်ကြာနိုင်ခြင်းများရှိသည့်အတွက် ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူဆုံး ဖြတ်ချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောယန္တရား(Independent Investigative Mechanism for Myanmar)ကို တာ၀န်ပေးစုံစမ်းခိုင်းခြ င်းများလည်းဖြစ်ပေါ်လာနိုင်ပြီးလက်ရှိတွင် မသေချာ၊ မရေရာသေးသည့်အခြေအနေတွင်ရှိနေသေးသည်ဟုလည်း သုံးသပ်ပြောဆိုကြသည်။

BNA(Anailysis)

Red News Agency ၏ မိတ်ဖက် ရခိုင်အခြေစိုက် Border News Agency တွင် ဖော်ပြထားသည့် သတင်းဆောင်းပါး ဖြစ်သည်။

Red News Agency

By Editor