04
May
"စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ" မောင်ဝိ - Wiper စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာတွေကို မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားပြီး၊ "ထွက်ခွာခွင့် ကိစ္စများ ပိုမို အချိန်ယူစိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားကြောင်း" ဆိုတဲ့ ဖြေရှင်းချက်ထုတ်ပြန်ထားရှိပါတယ်။ အခုလို အမျိုးသားတွေ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာဟာ၊ စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီအဓမ္မ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက်၊ လူငယ်အများအပြား…