PSLF/TNLA

နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။   TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူများနေအိမ်ပေါ်နှင့် ကျားဖြူခန်းမအနီးကို စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ် (၂)၊ အမျိုးသား(၅) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီ ၁ ဦးအပါအဝင် (၄) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် (၂)ဦး…
Read More
စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

"ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်" ကေဂျီ - Wiper တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်း ရုန်းကန်ဖြတ်သန်းလာခဲ့ရပုံတွေနဲ့ လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ရေး တိုးတက်အောင်မြင်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကို တွေ့မြင်ရပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာကို တွေ့မြင်နေကြရပြီး ဒါဟာလည်း ပြည်သူလူထုရဲ့ အာဏာသိမ်း စစ်တပ်အပေါ် လက်မခံတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတယ် ဆိုတာကို သိသာစေပါတယ်။   စစ်ရေးပိုင်းဆိုင်ရာမှာ ကြည်း၊ ရေ၊ လေ…
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။ (more…)
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မိုးကုတ်မြို့သိမ်းနိုင်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မိုးကုတ်မြို့သိမ်းနိုင်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဇူလိုင်(၂၄)၊၂၀၂၄ ခုနှစ်။ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီးနောက် မြို့ရှိပြည်သူများက တော်လှန်ရေးရဲဘော်များကို ယနေ့ ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၀)ရက်မြောက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ ညနေ (၅) နာရီတွင် ရှင်းလင်းချေမှုန်း သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ မိုးမိတ်မြို့ စစ်ကောင်စီ လက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်ုးကို ယနေ့ နေ့လည် (၁၂) နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း၊ နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ယနေ့ (၁၆) ရက်မြောက်နေ့တွင် စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ရှမ်းမြောက် သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် မြို့ပေါ်အထိ PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားနိုင်ခဲ့သော်လည်း မြို့အနီးဝန်းကျင်ရှိစခန်းများကို နေ့စဉ်တိုက်ခိုက်နေပြီး ယနေ့ နေ့လယ် (၃) နာရီခန့်က နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီလက်ကျန် တပ်စခန်း ဒုံးတရ (၆၀၆) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။ (more…)
Read More
SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

RNA_ဇူလိုင်(၅)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် သီပေါမြို့နယ် ရေပူရွာအနီးတွင် ယနေ့ နံနက်ပိုင်းက SSPP/SSA ရဲဘော်များ ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ကျဆုံးပြီး ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

"NLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်" မောင်ဝိ - Wiper ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေကစပြီး TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ တပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးဆင်နွှဲခဲ့တယ်။ ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးစတဲ့ မြို့တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရတယ်။ ၁၀၂၇ တကျော့ပြန်တိုက်ပွဲက အဖွင့်လှတယ်ပြောရမယ်။ နောင်ချိုမြို့နယ်ထဲက ခမရ…
Read More
စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

"စစ်မြေပြင်မှာတော့ အောက်ခြေစစ်သားတွေဟာ တိုက်ရဲခိုက်ရဲပြီး တိုက်နိုင်ခိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေဟာ လုံးဝကို ပျောက်ဆုံးသွားကြပြီ ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း တိုက်ပွဲတွေကို ခုခံကြတဲ့အခါမှာတော့ ရှုံးနိမ့်မှုတွေကိုပဲ ရင်ဆိုင်နေရပါတယ်" ကေဂျီ - Wiper ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြန်လည်စတင်လာခဲ့ပါပြီ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် အောင်ပွဲတွေများစွာရရှိခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကြိမ်အဖြစ် တစ်ကျော့ပြန် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တွေမှာ သာမကဘဲ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာပါ စတင်လာခဲ့တာဖြစ်ပါတယ်။ TNLA နဲ့အတူ မဟာမိတ်တွေ ပူးပေါင်းပါဝင်တိုက်ခိုက်လာပါတယ်။ ဒီလိုတိုက်ပွဲတွေ မစတင်ခင် လပိုင်းအလိုလောက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲတွေ…
Read More
PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY - PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ (more…)
Read More