RNA_နိုဝင်ဘာ (၁၂)၊၂၀၂၄ခုနှစ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)အတွင်း တအာင်းတပ်မတော် TNLA နှင့် မဟာမိတ်များက ဇွန်လိုင်လ (၂၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည့် အတွက် ဒေသခံပြည်သူ (၉)ဦးသေဆုံးပြီး ကလေးငယ် (၁) ဦးအပါအဝင် (၁၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ နိုဝင်ဘာလ (၁၁) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင်ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အရှေ့ပိုင်းတွင် ဒေသခံ (၄) ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အနောက်ပိုင်း ဒေသခံ (၅) ဦး သေဆုံးပြီး ဒေသခံ (၈)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ် (၁၀) ထက်မနည်းထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA