NUG

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More
ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။ လက်တလော အရေးကြီးပြီး ဦးစား‌ပေးလုပ်ကိုင် ဆောင်ရွက်ရမှာ မြေပြင်အင်အားများဖြစ်သည့် ပအဖ၊ ပကဖ၊ ပလဖ၊ PDFများနှင့် LDF များရဲ့ကြား အင်အား စုစည်းနိုင်ဖို့ အရေးအကြီးဆုံးဖြစ်သည်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မတ်လ (၁၆) ရက်နေ့မှာကျင်းပသည့် အမှတ်စဉ်(၁၁/၂၀၂၃)မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။ "လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ပကဖများ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန်…
Read More
“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည် ■ BACS ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း…
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲ‌ဘော်များ တိုက်ပွဲဝင်နေ

အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲ‌ဘော်များ တိုက်ပွဲဝင်နေ

RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်း စစ်ဒေသ တပ်မဟာနယ်မြေများအတွင်း စစ်ကောင်စီတပ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲဘော်များ တိုက်ခိုက်နေကြောင်း သိရသည်။ "S.O.F Snipers" လက်ဖြောင့် ရဲဘော်များကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈မှ စနိုက်ပါသင်တန်းဆရာများနှင့် အမေရိကန် မရိန်းသင်တန်းဆရာ ( မရိန်းတပ်ဖွဲ့ဝင်ဟောင်း) မျ အဆင့်ဆင့်အနီးကပ် လေ့ကျင့်သင်ကြားပေးထားသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.Fက အသိပေးထားသည်။ (more…)
Read More
တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B.21 Kani -PDF မှာ လက်နက်ဝယ်ယူထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေသည်ဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။ တပ်ဖွဲ့ဝင် (၂၅၁) ဦးရှိသည့် B.21 Kani PDF တွင် NUG မှ လက်နက် (၁) လက်မှမရှိသေးကြောင်း၊ M4 A1 (၂) လက် အကြွေးနှင့်ဝယ်ထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စားသောက်နေထိုင်ရေးကို ဒေသခံ ရွာများမှ ကူညီနေကြောင်း သိရသည်။ (more…)
Read More
ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းကို NUG လက်နက်တပ်ဆင် 

ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းကို NUG လက်နက်တပ်ဆင် 

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊တောင်ပိုင်းစစ်ဒေသ၊ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ၃၊ပြည်သူ့ကာကွယ် ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ တိုက်ပွဲဝင်ရဲဘော်များကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က လက်နက်များ တပ်ဆင်ပေးအပ်​ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်​ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစတင်ကာ လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်

NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ နဂါးနီးစစ်ကြောင်း ရဲဘော်များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့သည်။ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်​၏ နဂါးနီစစ်ကြောင်း သို့ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ဒုစစ်ဒေသမှူး ရဲဘော်စောရှားတို့ သွားရောက်ကာစစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်နက်များ ပေးအပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု ဒေါက်တာဆာဆာပြော

အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု ဒေါက်တာဆာဆာပြော

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ -NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု တော်လှန်ရေးအင်အားစုများကို ပြောကြားထားသည်။ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ ( ဖေဖော်ဝါရီ ၁၂ ရက်) က အမေရိကန်နိုင်ငံ မယ်ဝါးခီး (Milwaukee USA) တော်လှန်ရေးမိသားစုနှင့် ဒေါက်တာဆာဆာတို့ အွန်လိုင်းအစည်းအဝေးတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ #RedNewsAgency
Read More
အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

RNA_ဖေဖော်ဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။ " သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်" ဟု NUG - MOHAI က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? ​NUG ကိုလာပြောချင်လဲ ? စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး…
Read More