Tag: NUG
-

S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)
RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force – S.O.F) ၏ အထူးလေ့ကျင့်ရေးမှတ်တမ်း အပိုင်း (၁) ရုပ်သံကို ပြည်သူများထံ တင်ပြထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=k_CYaDvP_kg[/embedyt] -

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ
RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်လာသည်။
-

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ
RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အတွင်းရှိ အမျိုးသမီးရဲမေများသည် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
“S.O.F အမျိုးသမီးရဲမေအားလုံးသည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၏ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးအစီအစဥ်များအား ကိုယ်တိုင်ပါဝင်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ S.O.F အမျိုးသမီးရဲမေအားလုံးသည် တပ်ဖွဲ့၏ ဦးဆောင်မှု၊ စစ်ရေး၊ ထောက်/ပို့၊ ထောက်လှမ်းရေး ဂဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံမှ ပြောကြားထားသည်။ -

PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်
RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲဲတွင်ရဲဘော်များကို လက်နက်နှင့် Drone တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်နက်နှင့် Drone စသည်တို့ တပ်ဆင်ပေးအပ်သည့် သင်တန်းဆင်းပွဲကို မတ်လ (၂၇) ရက်နေ့က မကွေးတိုင်းအတွင်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ -

NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်
RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)
-

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း
RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။
တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
-

ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်
RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။
လက်တလော အရေးကြီးပြီး ဦးစားပေးလုပ်ကိုင် ဆောင်ရွက်ရမှာ မြေပြင်အင်အားများဖြစ်သည့် ပအဖ၊ ပကဖ၊ ပလဖ၊ PDFများနှင့် LDF များရဲ့ကြား အင်အား စုစည်းနိုင်ဖို့ အရေးအကြီးဆုံးဖြစ်သည်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မတ်လ (၁၆) ရက်နေ့မှာကျင်းပသည့် အမှတ်စဉ်(၁၁/၂၀၂၃)မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ပကဖများ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ်(၂၂)မှာ ဖော်ပြထားတဲ့အတိုင်း LDFနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း တိုးမြှင့်ဆောင်ရွက်ကြမှသာ ကျွန်တော်တို့ဆောင်ရွက်ချင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှုတွေ၊ စနစ်ကျနခိုင်မာအားကောင်းပြီး ဖက်ဆစ်စစ်တပ်နေရာမှာလည်း အသင့်အစားထိုးဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ပြီး ပြည်သူကအားကိုးတဲ့ စစ်ရေး/ကာကွယ်ရေးယန္တရားများဖြစ်မှာဖြစ်ပါတယ်။ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ ယုံကြည်အားကိုးတဲ့ အစိုးရရဲ့အကာအကွယ် အစောင့်အရှောက်တွေကို အပြည့်အဝ ရချင်မှာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ မြေပြင်ပေါင်းစပ်ညှိနှိုင်းမှုတွေ စနစ်တကျ လုပ်ဆောင် သွားဖို့ အရေးတကြီးလိုအပ်နေကြောင်း ပြောကြားလိုပါတယ်” ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
-

“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်■ BACSရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်းမတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
( ပုံ – ၁ ) ● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
( ပုံ – ၂ ) စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။ -

အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲဘော်များ တိုက်ပွဲဝင်နေ
RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်း စစ်ဒေသ တပ်မဟာနယ်မြေများအတွင်း စစ်ကောင်စီတပ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲဘော်များ တိုက်ခိုက်နေကြောင်း သိရသည်။
“S.O.F Snipers” လက်ဖြောင့် ရဲဘော်များကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈မှ စနိုက်ပါသင်တန်းဆရာများနှင့် အမေရိကန် မရိန်းသင်တန်းဆရာ ( မရိန်းတပ်ဖွဲ့ဝင်ဟောင်း) မျ အဆင့်ဆင့်အနီးကပ် လေ့ကျင့်သင်ကြားပေးထားသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.Fက အသိပေးထားသည်။
-

တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ
RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B.21 Kani -PDF မှာ လက်နက်ဝယ်ယူထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေသည်ဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။
တပ်ဖွဲ့ဝင် (၂၅၁) ဦးရှိသည့် B.21 Kani PDF တွင် NUG မှ လက်နက် (၁) လက်မှမရှိသေးကြောင်း၊ M4 A1 (၂) လက် အကြွေးနှင့်ဝယ်ထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စားသောက်နေထိုင်ရေးကို ဒေသခံ ရွာများမှ ကူညီနေကြောင်း သိရသည်။