NUG

အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

 RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါအဝင်သည့် အင်အား ၁၀၀ ကျော်ဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုအတွင်း အိမ်ခြေ ၁၀၀ ကျော််မီးရှို့ဖျက်ဆီးခံရပြီးအရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ " ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) တပ်၊ ဇီးကုန်းသကြားစက်အတွင်း တပ်စွဲထားသည့် တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ကျော်သည် အလယ်ရှိုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ထွက်မပြေးနိုင်သည့်ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ကျေးရွာအတွင်းရှိ ရွာသူ ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ (၉)ဦး အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၁၀၀) နီးပါး…
Read More
ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေး ခုခံစစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ပြုလုပ်သည့် NUG (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့သည်။ " ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်" ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ (more…)
Read More
တော်လှန်ရေးရန်ပုံငွေ ကွန်ဒိုတိုက်ခန်း ကန်ဒေါ်လာ ၁၁ သန်းနီးပါး ရောင်းချခဲ့ရ

တော်လှန်ရေးရန်ပုံငွေ ကွန်ဒိုတိုက်ခန်း ကန်ဒေါ်လာ ၁၁ သန်းနီးပါး ရောင်းချခဲ့ရ

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ခုနှစ်။ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းများ (Spring Valour Condominium)ကို ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) ည ၁ဝ နာရီမှ စတင်ရောင်းချရာ ယနေ့ နံနက်အထိ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါးရောင်းခဲ့ရသည်ဟု သိရသည်။ ရဲရင့်နွေဦးကွန်ဒို အခန်းပေါင်း (၇၇ဝ) ရှိသည့်အနက် တနာရီအတွင်း အခန်းပေါင်း (၇ဝဝ) နီးပါးရောင်းချခဲ့ရ ကြောင်း၊ ဝယ်ယူအားပေးသော တော်လှန်ပြည်သူများနှင့် ကြိုးစားအားထုတ်ရောင်းချပေးသော ကမ္ဘာတလွှားမှ ထောက်ပို့ရဲဘော်များ၊ နည်းပညာနှင့်ဉာဏ်ပညာများ မျှဝေကူညီပေးသူများကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လေးစားစွာ ဦးညွတ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။ (more…)
Read More
မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံ   RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။ (more…)
Read More
ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။   ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။ (more…)
Read More
နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

RNA_ဇန်နဝါရီ (၇)၊ ၂၀၂၃ ခုနစ်။   နွေဦးတော်လှန်ရေးအောင်ပွဲနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား၊ ဘာတွေလုပ်ဆောင်သင့်သလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး - Social Democratic United Front မှ ကိုကျော်ကျော်ကို၏ သဘောထားများကို ဖော်ပြလိုက်သည်။ #RedNewsAgency
Read More
နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်နှင့်လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့်အချိန် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကြီး ပြီးမလား မပြီးဘူးလားဆိုတာကို ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး - Social Democratic United Front မှ ကိုကျော်ကျော်ကိုက ပြောကြားထားသည်။ #RedNewsAgency
Read More
လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း - King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။   ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ…
Read More
ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။   ကရင်မျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေ အတွင်းပြုလုပ်သည့် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ရာ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များထဲမှ အလက်၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။   NUGအစိုးရ၏ တနှစ်စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှုစသည့် အကြောင်းအရာများကိုပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်မ တော် ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု PVTV…
Read More