Tag: NUG

  • ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းကို NUG လက်နက်တပ်ဆင် 

    ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းကို NUG လက်နက်တပ်ဆင် 

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊တောင်ပိုင်းစစ်ဒေသ၊ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ၃၊ပြည်သူ့ကာကွယ် ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ တိုက်ပွဲဝင်ရဲဘော်များကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က လက်နက်များ တပ်ဆင်ပေးအပ်​ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    NUG ကာကွယ်ရေးဝန်ကြီးဌာနမှ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်​ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစတင်ကာ လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

    (more…)

  • NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်

    NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ နဂါးနီးစစ်ကြောင်း ရဲဘော်များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့သည်။

    တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်​၏ နဂါးနီစစ်ကြောင်း သို့ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ဒုစစ်ဒေသမှူး ရဲဘော်စောရှားတို့ သွားရောက်ကာစစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်နက်များ ပေးအပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု ဒေါက်တာဆာဆာပြော

    အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု ဒေါက်တာဆာဆာပြော

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ -NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု တော်လှန်ရေးအင်အားစုများကို ပြောကြားထားသည်။

    ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ ( ဖေဖော်ဝါရီ ၁၂ ရက်) က အမေရိကန်နိုင်ငံ မယ်ဝါးခီး (Milwaukee USA) တော်လှန်ရေးမိသားစုနှင့် ဒေါက်တာဆာဆာတို့ အွန်လိုင်းအစည်းအဝေးတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=ETBWMInxeLc[/embedyt]

    #RedNewsAgency

  • အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    RNA_ဖေဖော်ဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ” သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်” ဟု NUG – MOHAI က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? ​NUG ကိုလာပြောချင်လဲ ?

    စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=0hUI1Fanz2U[/embedyt]

    စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး လောင်ကျွမ်းပြာကျသွားပါလိမ့်မယ်။

    (more…)

  • အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

    အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

     RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါအဝင်သည့် အင်အား ၁၀၀ ကျော်ဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုအတွင်း အိမ်ခြေ ၁၀၀ ကျော််မီးရှို့ဖျက်ဆီးခံရပြီးအရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    ” ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) တပ်၊ ဇီးကုန်းသကြားစက်အတွင်း တပ်စွဲထားသည့် တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ကျော်သည် အလယ်ရှိုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ထွက်မပြေးနိုင်သည့်ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ကျေးရွာအတွင်းရှိ ရွာသူ ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ (၉)ဦး အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၁၀၀) နီးပါး မီးရှို့ဖျက်စီးခံခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

    ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

    RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေး ခုခံစစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ပြုလုပ်သည့် NUG (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့သည်။

    ” ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်” ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

    (more…)

  • တော်လှန်ရေးရန်ပုံငွေ ကွန်ဒိုတိုက်ခန်း ကန်ဒေါ်လာ ၁၁ သန်းနီးပါး ရောင်းချခဲ့ရ

    တော်လှန်ရေးရန်ပုံငွေ ကွန်ဒိုတိုက်ခန်း ကန်ဒေါ်လာ ၁၁ သန်းနီးပါး ရောင်းချခဲ့ရ

    RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ခုနှစ်။

    နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းများ (Spring Valour Condominium)ကို ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) ည ၁ဝ နာရီမှ စတင်ရောင်းချရာ ယနေ့ နံနက်အထိ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါးရောင်းခဲ့ရသည်ဟု သိရသည်။

    ရဲရင့်နွေဦးကွန်ဒို အခန်းပေါင်း (၇၇ဝ) ရှိသည့်အနက် တနာရီအတွင်း အခန်းပေါင်း (၇ဝဝ) နီးပါးရောင်းချခဲ့ရ ကြောင်း၊ ဝယ်ယူအားပေးသော တော်လှန်ပြည်သူများနှင့် ကြိုးစားအားထုတ်ရောင်းချပေးသော ကမ္ဘာတလွှားမှ ထောက်ပို့ရဲဘော်များ၊ နည်းပညာနှင့်ဉာဏ်ပညာများ မျှဝေကူညီပေးသူများကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လေးစားစွာ ဦးညွတ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

    (more…)

  • မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

    မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

    မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံ
     
    RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။
    [embedyt] https://www.youtube.com/watch?v=dPlVJOcZgNE[/embedyt]
    မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။

    (more…)

  • ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

    ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

    RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။
    ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

    (more…)