မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။

မကွေး ဆေးတက္ကသိုလ်၊ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသား မောင်စွမ်းထက် (အသက် ၂၀ နှစ်)သည် မေလ (၂၂) ရက်နေ့ စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။

“မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆေးကျောင်းသား မောင်စွမ်းထက်သည် ခင်ဦးမြို့နယ်အတွင်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတခုတွင် တာဝန်ထမ်းဆောင်နေကြောင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် မိုခါဆိုင်ကလုန်း ဝင်ရောက်သည့် မေလ ၁၄ ရက်နေ့မှာပင် စစ်ကြောင်းထိုးမှုများကို ရပ်တန့်ခြင်းမရှိကြောင်း သိရသည်။

Red News Agency

By Editor