Tag: 1027 Operation

  • ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

    ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

    “တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ “အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာ”

    မောင်ဝိ

    စစ်တပ်အတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ အတော်များများက လိုက်နာနိုင်ရင် အတော်ကောင်းမယ်လို့ ဆိုရပါမယ်။ စစ်တပ်ဝန်းအတွင်း ဝင်လိုက်တာနဲ့ မူဝါဒ ဆိုင်းဘုတ် အသီးသီးကို တွေ့နိုင်ပါတယ်။ “တပ်နေပျော်၍ စစ်တိုက်တော်ရမည်”၊ “ငါမသေငါ့စခန်းမကျစေရ” စသဖြင့်ပေါ့။ ဒါတွေဟာ လူမြင်ကောင်းအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် တခုပဲ အဖြစ်သာ မြင်တွေ့ရတော့မှာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး၊အောက်တိုဘာလ ၂၇ ရက်နေ့စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာဆိုရင် လက်ရှိ စစ်တပ်တွင်းက စစ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို ပိုပြီး မြင်သာစေနိုင်ပါတယ်။

    အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ၊ ၁၀ ရက်တာ ထိုးစစ်အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ စစ်ကောင်စီရဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်းအကြီး၊ စခန်း အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ စစ်တပ် လက်အောက်ခံပြည်သူ့ စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်ကို သိမ်းပိုက်ခဲ့ပြီး၊ တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ လေယာဥ်ပစ်လက်နက်ကြီးများ၊ စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

    Photo : The Kokang

    အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှု နောက်မှာ​တော့၊ စစ်သားတွေအပါအဝင် စစ်တပ်ထောက်ခံသူတွေရဲ့ စိတ်ဓာတ်အင်အား ကျဆင်းလာခဲ့တာပါ။ ဒီတော့ စစ်တပ်က ဘာလုပ်ပြရသလဲဆိုတော့ တိုက်လေယာဥ်၊ ဟောင်ဝှစ်ဇာ စတာတွေထုတ်သုံးပြီး၊ (Fire Power) ပစ်အားကို အသုံးပြုလာကြတယ်။ အသိသာဆုံးဆိုရင် အောက်တိုဘာလ ၂၈ ရက်နေ့ညမှာဆိုရင် စစ်တပ်က လားရှိုးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်နေတာကို ရုပ်သံတွေမှာပါတွေ့ရတယ်။

    (more…)

  • စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

    စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

    “ငါ့စခန်းလာတိုက်တာနဲ့ ထွက်ပြေးမယ်ဆိုတာက စစ်သားအယောက် ၁၀၀မှာ ၇၀ လောက်ရှိပါတယ်” မယုံမရှိပါနဲ့။ အထက်လူကြီးဆိုတဲ့သူတွေက ဘယ်လိုအမိန့်ပေးပေး၊ ဝါဒဖြန့်ချန်နယ်တွေက ဘယ်လိုလိမ်ပေးနေလည်း “ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်” ဆိုသလို စစ်တပ်မကောင်းကြောင်း စစ်သားတွေက ပိုသိပါတယ်။

    မောင်ဝိ

    စစ်တပ်ကဘာလို့ စစ်ပွဲတွေမှာ တိုက်တိုင်းရှုံးနေတာလဲဆိုတာကို ပြောပြချင်ပါတယ်။ အခုလက်ရှိ ဖြစ်ခဲ့တဲ့ ၁၀၂၇ ရှမ်းမြောက် စစ်ဆင်ရေးကစပြောရမယ် ထင်ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်ပြီး၊ စစ်ဆင်ရေးကာလ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ထိကို စခန်းကြီး၊ စခန်းငယ် ပေါင်း ၉၀ ကျော်၊ တင့်နဲ့သံချပ်ကာ ၆ စီး သိမ်းဆည်းရမိခဲ့တယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ကျဆုံးစစ်သားတွေလည်း များပြားခဲ့တယ်လို့ ဒေသခံကိုးကန့်သတင်း မီဒီယာရဲ့ ထုတ်ပြန်ချက်တွေမှာ မြင်တွေ့နေရပါတယ်။

    ပထမဆုံးကတော့ စစ်ကောင်စီတပ်ရဲ့ အဓိက စစ်ရှုံးရတဲ့အကြောင်းရင်းက လက်နက်ငယ် ဆိုရင်ပိုမှန်ပါလိမ့်မယ်။ စစ်တပ်ဘက်ကနေ လေကြောင်းပစ်ကူ၊ အမြောက်လက်နက်ကြီး ပစ်ကူပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါကလည်း အကန့်အသတ်နဲ့ပါပဲ။ ရှေ့တန်းမှာ သူတင်ကိုယ်တင် ပစ်ရပြီဆိုတော့ လက်နက်ငယ်တွေက အရမ်းစကားပြောပါတယ်။ အခုစစ်တပ်မှာ ထုတ်ပေးတဲ့ သေနတ်တွေက MA series သေနတ်တွေပေါ့။

    မြင်ရသလောက်ဆိုရင် စစ်တပ်က တိုက်ပွဲတွေမှာ စက်ကလေး အနေနဲ့ MA-2 ကိုင်တာရှိမယ်၊ မြေပြင်ချေမှုန်းရေးအတွက် MA- 1၊ MA-13နဲ့ 30 Carbine စသဖြင့်ပေါ့။ ဒီသေနတ်တွေကို မကောင်းဘူးလား မေးရင် စစ်တပ်ပိုင် ကပစတွေက ထုတ်တာမို့ အရည်အသွေး (QC) မပြည့်မှီဘူးလို့ ဆိုချင်ပါတယ်။ 

    Photo: Kokang – 1027 Operation

    (more…)

  • တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

    တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

    “စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသ”

    ချမ်းမင်း

    ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံးမြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထံ အောက်တိုဘာလ ၃၀ ရက်နေ့က လက်နက်ခဲယမ်း အများအပြားဖြင့် အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုတွေ့ရပါတယ်။ မြေပြင်သတင်းတွေအရဆိုရင် အောက်တိုဘာလ၂၉ ရက်နေ့ညပိုင်းကတည်းက MNDAA က တာဝန်ရှိသူတွေနဲ့ ခလရ၁၄၃ တပ်ရင်းမှ တာဝန်ရှိသူတွေ နှစ်ဖက်ညှိနှိုင်းကြပြီး အခုလို လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

    ခလရ ၁၄၃ ရှေ့တန်းစခန်းက လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထဲ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင်တပ်ခွဲမှုး၂ ဦးလည်းပါဝင်ပြီး စုစုပေါင်းအင်အား၄၁ ဦးအထိ ပါဝင်တယ်လို့ သိရပါတယ်။ ယခု စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသပဲ ဖြစ်ပါတယ်။

    Photo: Kokang – 1027 Operation 

    (more…)

  • “၁၀၂၇ စစ်ဆင်ရေး” စခန်းသိမ်းတိုက်ပွဲများတွင် KNDF ရဲဘော်များ ပူးပေါင်းပါဝင်နေ

    “၁၀၂၇ စစ်ဆင်ရေး” စခန်းသိမ်းတိုက်ပွဲများတွင် KNDF ရဲဘော်များ ပူးပေါင်းပါဝင်နေ

    RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။

    ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA)၊ တအောင်း (PSLF / TNLA)၊ ရက္ခိုင် (ULA/ AA) တို့ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး “တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်းအမှတ် (၆၀၆) ရဲဘော်များ စခန်းသိမ်းတိုက်ပွဲများတွင် ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=I4LOMNm3Nx8[/embedyt]

    ညီနောင် မဟာမိတ် (၃)ဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ (၂၇) ရက်နေ့တွင် စတင်ခဲ့သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အား KNDF အနေဖြင့်ထောက်ခံကြိုဆိုပြီး လက်ရှိတွင်လည်း စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး စစ်ရေးရည်မှန်းချက်များ အောင်မြင်သည်ထိ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

    ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

    RNA_နိုဝင်ဘာ(၂)၊၂၀၂၃ ခုနှစ်။
    ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်လိုက်သည်။
    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၉၀ ကျော်နှင့် သံချပ်ကာ (၆) စီး၊ လက်နက်ခဲယမ်းများစွာနှင့် မြို့ ၄ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ် စခန်း ၈၇ ခုကျော်အား တိုက်ခိုက်သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ် စခန်း ၈၇ ခုကျော်အား တိုက်ခိုက်သိမ်းပိုက်

    RNA_နိုတင်ဘာ(၁)၊၂၀၂၃ ခုနှစ်။

    ညီ​နောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်နေသည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ (၆) ရက်မြောက်နေ့အထိ စစ်ကောက်စီတပ်စခန်း (၈၇) ခုကျော်အား သိမ်းဆည်းရမိပြီး ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့၊ သိန္နိမြို့တို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။

    Photo : The Kokang

    ညီနောက်မဟာမိတ် ရဲဘော်များက စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ “မန်တုံပတပ်စခန်း”၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားရှိ“ရင်ကွဲတောင်တပ်စခန်း”၊ မူဆယ်-နမ့်ခမ်းမြို့အဝင်တွင်ရှိသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအခြေစိုက် “မန်ခမ်းတပ်စခန်း” အား ယနေ့ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

    စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

    RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အင်အား (၅၀) ရှိ စခန်းတခုကို (၂) နာရီအတွင်း မဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်​သော်လည်း အားလုံး အချိန်မီ အညံ့ခံခဲ့သောကြောင့် အားလုံးကို အသက်ချမ်းသာပေးခဲ့ပြီး လုံခြုံစွာ နေရာချ​ပေးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်ကို MNDAA၊ TNLA၊ AA တို့ထံ အသက်မသေလို၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များထံ ဆက်သွယ် အလင်းဝင်သူများ၏ အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    (more…)

  • “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား

    “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား

    RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။

    ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027 (၁၀၂၇ စစ်ဆင်‌ရေး)သည် ယနေ့ ၅ ရက်မြောက်နေ့အတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းမှ အဓိကမြို့များထဲမှ “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

    Photo : The Kokang

    ၁၀၂၇ စစ်ဆင်‌ရေး နှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရကြောင်း၊ ယနေ့တွင်လည်း လားရှိုးနှင့် သိန္နီမြို့နယ်ကြား စစ်ကောင်စီ၏ “မိုင်းပါးတပ်စခန်း” ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ AA နှင့် KIA တို့ ပူးပေါင်းပြီး နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ “ခလရ (၃၂၄)” အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း စသဖြင့် စစ်ရေးသတင်းများနှင့် ပတ်သက်ပြီး ယနေ့ ညနေပိုင်းတွင် ညီနောက်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

    Photo : The Kokang

    (more…)

  • ခံစစ်ကောင်းကောင်းမရှိ တိုက်စစ်ကောင်းကောင်းမရှိတဲ့ စစ်ကောင်စီတပ်

    ခံစစ်ကောင်းကောင်းမရှိ တိုက်စစ်ကောင်းကောင်းမရှိတဲ့ စစ်ကောင်စီတပ်

    “ရက်ပိုင်းအတွင်း စစ်စခန်း ၇၀ ကျော်နဲ့ မြို့တွေကိုပါသိမ်းတယ်၊ တချို့မြို့တွေကိုတော့ အပြင်ကနေထိန်းချုပ်ထားနိုင်တယ်ဆိုတာကို ကြည့်ရင် အင်အားကြီးတဲ့ စစ်ရေးဖြစ်တယ်”

    ချမ်းမင်း

    အခုရက်ပိုင်းအတွင်း နွေဦးတော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ စစ်ရေးသတင်းတွေနဲ့ပတ်သတ်ပြီး ရှမ်းမြောက်ဘက်က MNDA ၊ TNLAနဲ့ AA မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အတော်လေး ဟိုလေးတစ်ကျော်နဲ့ နာမည်ကြီးနေပါတယ်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းနောက်ပိုင်းအတွင်း အဆိုပါညီနောင်မဟာမိတ်သုံးဖော်အနေနဲ့ စစ်ရေးလှုပ်ရှားမှု သိပ်မရှိတာမို့ စစ်တပ်က သတိမထားမိလိုက်တဲ့အချိန်မှာ အခုလို စစ်ဆင်ရေးကြီးကြီးမားမား ပြုလုပ်လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက်တော့ စိတ်ဓာတ်ရေးအရကော၊ အောင်မြင်မှုအရပါ အကျိုးအမြတ်ကြီးကြီးမားမားရလိုက်တယ်လို့ဆိုနိုင်ပါတယ်။

    ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်းကြေငြာပြီးတာနဲ့ နိုင်ငံအနှံ့မှာရှိတဲ့ တခြားသော တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံကလည်း မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ အဲသလိုပါပဲ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်းမှာ BPLA နဲ့ PLA တို့ကလည်း ပူးပေါင်းပါဝင်နေပါတယ်။

    (more…)

  • ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

    ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

    RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။

    ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။

    စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)