Tag: 1027 Operation
-
လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်
RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။[embedyt] https://www.youtube.com/watch?v=pbFLDmZ3dS4[/embedyt]ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် အဖွဲ့က ယနေ့ နံနက်ပိုင်းက လားရှိုးဘက်ပို့ဆောင်နေကြောင်း ဒေသတွင်းသတင်များအရ သိရသည်။#RedNewsAgency -

နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃
“နိုင်ငံတစ်နိုင်ငံမှာ အာဏာတည်ရှိရာဟာ ပြည်သူသာဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း လက်နက်အားကိုး ဘယ်လိုပဲ အနိုင်ကျင့်နေပေမယ့် ပြည်သူလက်မခံတဲ့ အခြေအနေကြုံလာတဲ့အချိန်မှာ အရှုံးနဲ့သာရင်ဆိုင်ရမှာ”
********************မောင်ဝိ
ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီချုပ်ငြိမ်းဖို့ မကြာတော့ဘူးလို့ ပြောရနိုင်တဲ့အခြေအနေဖြစ်နေပြီ။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရေချိန်ဟာ တနှစ်ထက်တနှစ်ပိုမိုမြင့်တက်လာတာကြောင့်ပဲ ဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း စစ်ရေး နိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေအပါအဝင် စစ်ကောင်စီဘက်မှာ ပြိုကျနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရတဲ့ နှစ်လို့ ပြောရပါတယ်။
အသိသာဆုံးနဲ့ အထင်ရှားဆုံး နားလည်အောင် ပြောရမယ်ဆိုရင်၊ ၂၀၂၂ ခုနှစ်မှာ စစ်တပ်ထောက်ခံသူတွေဘက်က “ဘယ်တပ်ရင်းတွေ သိမ်းပြီးပြီလဲ” ဆိုတဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ တော်လှန်ရေးကို ချိုးနှိမ်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ “မြို့တွေကို တိုက်တော့ မြို့ပျက်တာပဲ အဖက်တင်တယ်” ဆိုတဲ့ပြောဆိုမှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ မြို့သိမ်းနိုင်တဲ့အထိ အောင်မြင်မှုတွေ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဗျူဟာကုန်းများစွာကို သိမ်းဆည်းနိုင်ခဲ့တယ်။ မြို့သိမ်းပြီး အုပ်ချုပ်ရေးတွေပါ အကောင် အထည်ဖော်လာနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂-၂၀၂၃ ကာလအပိုင်းအခြားအတွင်း စစ်ရေးအရတိုးတက်လာမှုပဲ ဖြစ်တယ်။
◼ ၂၀၂၂ စစ်ရေးအခြေအနေ
၂၀၂၂ ကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ COC တည်ဆောက်နိုင်မှု အားနည်းချက်များ၊ စစ်ရေးစွမ်းရည်များ အနေနဲ့လိုအပ်ချက် တချို့ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းမှာဆိုရင် စစ်ကောင်စီဘက်က လက်နက်အင်အားပြည့်စုံမှုမရှိတဲ့ အညာဒေသကို ပစ်မှတ်ထား ဖိနှိပ်မှုတွေလုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကိုယ်ထူကိုယ်ထနဲ့ လက်နက်စွဲကိုင်ပြီး တော်လှန်ရေးအားကောင်းပါတယ်ဆိုတဲ့ စစ်ကိုင်း၊ မကွေးစတဲ့ အညာဒေသကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။
အသိသာဆုံးဆိုရင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဥ်နဲ့ ပတ်ခတ်မှုနဲ့ နှိုင်းယှဥ်ပြလိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကလေး သူငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့တာဖြစ်ပြီး၊ အခုလိုပုံစံမျိုးနဲ့ အညာဒေသရှိ လက်နက်အင်အားလုံလောက်မှုမရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။
-

စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား
RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။
ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး– PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ရှမ်းမြောက်ရှိ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ မိုင်းလုံမြို့အပါအဝင် တပ်စခန်းကြီး/ငယ် စုစုပေါင်း (၇၃) ခုကို စစ်ကောင်စီလက်တွင်းမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
TNLA တပ်မဟာ (၁) စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းနှင့် တပ်မဟာ (၂) စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ တပ်မဟာ(၃)စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်းနှင့် မန်တုံမြို့တွင်း၊ တပ်မဟာ(၄)စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ–၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်း၊ တပ်မဟာ(၅)စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ ရှောက်ဟော်တပ်စ ခန်း စသည်တို့နှင့် တပ်မဟာ (၆)စစ်ဒေသဖြစ်သည့် မိုင်းကျက်စသည့် စခန်းအသီးသီးကို PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်မှ နယ်မြေကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ယမန်နေ့ညပိုင်းက TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
-

ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်
RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၃ခုနှစ်။
အာဏာသိမ်း စစ်ကောင်စီတပ်အခြေစိုက် ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်း၊ ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့အား ရက္ခိုင့်တပ်တော်-AA မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၉) နာရီခန့်က မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် (၆) နာရီ (၁၀) မိနစ်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက် (၉) နာရီ (၂၀) မိနစ်ခန့်က အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းတို့အား သိမ်းပိုက်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသော စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက်သိမ်းပိုက် ရယူသွားမည်ဟု AA က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။
-

ကျရှုံးခါနီးမှ ငြိမ်းချမ်းရေးလိုချင်တယ် ပြောလာတဲ့ အာဏာသိမ်းစစ်တပ်
“မင်းအောင်လှိုင်ဘက်က ငြိမ်းချမ်းရေးစကားခေါ်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နားတဝိုက်အထိ ဖိအားပေးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်”
မောင်ဝိ
ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့မှာ ၃ နှစ်အထိရှိလာခဲ့ပြီဖြစ်တယ်။ ဒီနေရာမှာ ပြည်သူတွေဘာ့ကြောင့် “သွေးမအေးသေးတာလဲ” ဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ၁၉၈၈ ခုနှစ် တော်လှန်ရေးကာလအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းများ၊ ဆက်သွယ်ရေးပြတ်တောက်မှုများ၊ သတင်းစီးဆင်းမှုအားနည်းခြင်းတို့ကြောင့် ပြည်သူအများစုဟာ လပိုင်းအတွင်း ပုံမှန်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ ဒီကနေ့လို နွေဦးတော်လှန်ရေးကာလမှာတော့ စစ်တပ်အာဏာသိမ်းချိန် ပြည်သူတရပ်လုံးဟာ “စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူး” ဆိုတဲ့အထိ ခါးခါးသီးသီး ဖြစ်နေကြပါတယ်။
မှတ်မှတ်ရရအဖြစ်အပျက်တခုကို ပြောပြချင်ပါတယ်။ ၂၀၂၁ အစောပိုင်းကာလမှာ CDM ပြုလုပ်ပြီး ပြည်သူနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အသက် ၅၀ ကျော် ကျောင်းဆရာမတဦးအကြောင်း ဖြစ်ပါတယ်။ သူဟာ မြို့နယ်ရဲ့ပညာရေး သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်တာကြောင့် စစ်တပ်ကဖမ်းဆီးပြီး စစ်ကြောရေးကို ပို့ခဲ့ပါတယ်။ စစ်ကြောရေးမှာ လူမဆန်စွာ အနိုင်ကျင့်နှိပ်စက်မှုတွေ အပါအဝင်၊ “ဒီလက်နဲ့ လက် ၃ ချောင်းထောင်ခဲ့တာလား” ဆိုပြီး လက် ၃ ချောင်းလုံးအချိုးခံလိုက်ရပါတယ်။ ဒါ့အပြင် ညအိပ်ချိန်မပေးဘဲ အလှည့်ကျနဲ့ တနည်းမဟုတ်တနည်းဖြင့် နှိပ်စက်ခဲ့တယ်။ ပြောရမယ်ဆိုရင် အာဏာသိမ်းခါစအချိန် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြချိန်မှာတောင် အခုလို စစ်တပ်က ရက်စက်ခဲ့ခြင်း ဖြစ်တယ်။
အာဏာသိမ်းကာလ ၁ နှစ်ကျော်လာချိန်မှာတော့ စစ်တပ်ဟာ တော်လှန်ရေး အားကောင်းတဲ့ ကျေးရွာနေ ပြည်သူတွေအပေါ် စံချိန်တင် ရက်စက်ခဲ့ပါတော့တယ်။ တချို့သော ဒေသခံပြည်သူတွေဟာ မိသားစုဘဝရပ်တည်ရေးအတွက် လုံးပန်းနေကြရပြီး၊ တော်လှန်ရေးအပေါ် အာရုံမစိုက်မိတာမျိုးရှိကြပါတယ်။ ဒါပေမယ့် စစ်တပ်က ဒေသခံလူထုရဲ့ နေအိမ်တွေမီးရှို့၊ မိသားစုဝင်တွေအပေါ် သတ်ဖြတ်ခြင်းတွေပြုလုပ်လာတဲ့အပေါ် မှာ နာကျဥ်းမှုတွေနဲ့ တွယ်တာငဲ့ကွက်ရမယ့်အရာတွေ မရှိတော့တာကြောင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးဟာ ခုချိန်ထိသွေးမအေးကြပဲ ပိုမိုပါဝင်လာကြခြင်းဖြစ်တယ်။ ဒါအပြင် စစ်ကောင်စီ တပ်သားအများစုဟာ တိုက်ပွဲမှာ သူတို့သာ အသာစီးအနိုင်ရခဲ့မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူခဲ့တာကိုလည်း ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်းစတဲ့ ဖြစ်စဥ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
-

မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား
RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။
မြန်မာတပ့်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ” ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ” ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။
မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : ရှမ်းမြောက်တိုက်ပွဲအတွင်း ယမန်နေ့က အောင်ပွဲခံနေသည့် တော်လှန်ရေးရဲဘော်များ။ -

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ
RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။
တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
-

မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား
“လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”
မောင်ဝိ
ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။
၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။
-

ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး
RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။
စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။
“လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။
Photo: Kokang ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်နေကြောင်း၊ MNDAA၊ TNLA၊ AA တို့သည် ကိုးကန့်ဒေသနှင့် တအာင်းဒေသ၊ ရခိုင်ဒေသတွင်း အကြမ်းဖက်စစ်ကောင်စီကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Red News Agency
-

စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ
“မြောက်ပိုင်းညီနောင် ၃ဖွဲ့ကို ရှုံးခဲ့ရင် စစ်ကောင်စီအနေနဲ့ နယ်မြေဆုံးရှုံးတာတစ်ခုကလွဲပြီး လက်ရှိထိုင်ခုံပေါ်ကနေ ဆင်းပေးစရာ မရှိနိုင်တာကိုတွေ့ရှိရပါတယ်။ သို့သော် NUG ကိုသာ ရှုံးနိမ့်ခဲ့ရင် စစ်ကောင်စီအနေနဲ့ ခုံပေါ်က ခွေးကျ ကျမှာဖြစ်သလို နောက်ကြောင်းပြန်အရေးယူမှုတွေကြောင့် အာဏာသိမ်းမှုမှာ ပါ၀င်တဲ့ မင်းအောင်လှိုင်မှ အစ အောက်ခြေ တိုင်းမှူး၊ဗိုလ်မှူးတွေအထိ ကြိုးစင်တက်ရမှာ”
************************************
ရာဟု ( Simon)အောက်တိုဘာ ၂၇ရက်နေ့တွင် MNDAA ၊ TNLA နှင့် AA အစရှိတဲ့ ညီနောင် ၃ ဖော်မှ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သမိုင်းဝင်တိုက်ပွဲတွေကို စတင်ဖော်ဆောင်ခဲ့ပါတယ်။
တိုက်ပွဲစတင်လျှင် စတင်ခြင်းနေ့မှာပဲ ဖွဲ့စည်းပုံနဲ့ စည်းကမ်းပိုင်း၊ တိုက်ခိုက်ရေးပိုင်းလျော့ရဲနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေဟာ ညီနောင် ၃ဖော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်မှာ အထိနာခဲ့ပြီး ရုတ်ချည်းဆိုသလို ချင်းရွှေဟော်အပြင် စစ်ကောင်စီ၏ အရေးပါသည့် ခံစစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် လက်နက်ချ အညံ့ခံသူတွေလည်း ရှိခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံကိုလည်း ဆုံးရှုံးခဲ့ရတာကိုတွေ့ရှိရပါတယ် ။
အခုဆို ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်လကျော်အချိန်ကာလတစ်ခုကိုရောက်လာတဲ့ အချိန်မှာတော့ စစ်ကောင်စီဘက်မှ မြို့ပေါင်း ၅ မြို့၊ စစ်စခန်းပေါင်း ၂၀၀ ကျော်နဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ် ၅ ဂိတ်နှင့် လက်နက်ခဲယမ်းများစွာကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သလို နယ်စပ်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ အာဏာစက်နဲ့ ထိန်းချုပ်မှုဟာလည်း တစ်စစီပြိုလဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီလို စစ်ရေးအရရော ၊ နယ်မြေစိုးမိုးမှုအရပါ ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၁လကျော်ကြာတဲ့အချိန်မှာပဲ တရုတ်ရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့အတူ ညီနောင် ၃ဖော်နဲ့ ကနဦးညှိနှိုင်းဆွေးနွေးရေးလုပ်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု တစ်ခုလုပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သလို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mao Ning’s မှလည်း ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီ၏ အကြံအစည်
~~~~~~~~~~~~~~~~~အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး အာဏာသိမ်းဖြစ်စဥ်ကိုကျူးလွန်ပြီးတဲ့နောက်ပိုင်း ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်မှုကို အလူးအလဲခံနေရတဲ့အပြင် နိုင်ငံတကာဖိအားတွေရဲ့ ဒဏ်၊ စီးပွားရေး၊ နိုင်ငံရေး ၊ သံတမန်ရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံအသီးသီးမှာလည်း သမိုင်းတလျောက်မကြုံဘူးလောက်အောင်ကို ရင်ဆိုင်ကြုံတွေ့နေရတာကိုလည်း မြင်နေရပါတယ်။





