18
Sep
RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။ နိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်းပေါင်း (၅၃၆) ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ (စက်တင်ဘာ ၁၈ ရက်) ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ (၂) နှစ်တာကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃၈၇၄) ဦးရှိကြောင်း၊ စစ်အုပ်စုတပ်ရင်းစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးလားသူ (၂၀၀၀၀) ခန့်ရှိကြောင်း NUG MOD က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်း (၂) နှစ်တာကာလအတွင်း စစ်အုပ်စုဘက်မှ သေဆုံးသူ (၂၀၃၈၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၉၇၉၂) ဦးရှိကြောင်း…