01
Nov
RNA_နိုဝင်ဘာ(၁)၊၂၀၂၆ခုနှစ်။ အကြမ်းဖက် အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲအတုအယောင်လုပ်ပြပြီး စစ်အာဏာရှင် မင်းအောင်လှိုင်ကို သမ္မတင်မြှောက်ပြီးနောက် လူထုအား အကြမ်းဖက်သတ်ဖြတ်မှုများ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသော်လည်း နိုင်ငံတကာ သံတမန်ရေးလှည်းဖျားမှုများကိုလည်း တဖက်တွင် လုပ်ဆောင်နေသည့်အတွက် စစ်ရေးမုန်တိုင်းများနှင့် သံတမန်ရေးလှည်းဖျားမှုများကို ရန်ဆိုင်ဖြတ်သန်းရန် ပြင်ဆင်ကြဖို့ ABSDF ဥက္ကဋ္ဌ တိုက်တွန်း ရဲဘော်သံခဲက တိုက်တွန်းလိုက်သည်။ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ကျောင်းသားတပ်မတော် - ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၈) နှစ်ပြည့်ဖြစ်ကြောင်း၊ ရဲဘော်သံခဲက ရဲဘော်ထုအား ပေးပို့သည့် သဝဏ်လွှာတွင် ပြည်သူလူထုလိုချင်မှုသည် စစ်အာဏာရှင်များ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမဟုတ်ကြောင်းနှင့် စစ်တပ် နိုင်ငံံအရေးမှာ…