နွေဦးတော်လှန်ရေး

ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မန္တလေး အိုးဘိုထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာသည် ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် စက်တင်ဘာ (၂၈) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) (မန္တလေး) ထံက သိရသည်။ မန္တလေး ဆေးတက္ကသိုလ် ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူးဖြစ်သည့် CDM ဆရာမ ဒေါ်ခင်သီတာ (၅၃ နှစ်) ကို စစ်အုပ်စုက ၂၀၂၃ ခုနှစ် ဩဂုတ် (၁၅) ရက်တွင် မတရားဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၂၂) နှစ် ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဆရာမက ထောင်မကျခင်က…
Read More
ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အခြားမြို့နယ် (၅) မြို့နယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံးခဲ့ကြောင်း AA သတင်းပြန်ကြားရေးက ယနေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၈) ရက်က အရပ်သားပြည်သူ (၅၀) ဦး သေဆုံးခဲ့ပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်ဖြစ်စဉ်အပြီး စက်တင်ဘာ (၃၀) ရက်မှစတင်ကာ အောက်တိုဘာ (၁) ရက်နေ့အထိ စစ်အုပ်စုက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော)၊ ကျောက်တော်နှင့်…
Read More
🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အထူးတိုင်းစစ်ဌာနနယ်မြေ ဝေဟင်မှ အင်အားသုံးခံရမှုသည် အဓမ္မစစ်ကြောခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာန ပြောကြားလိုက်တဲ့သတင်း၊ လူအစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောက်တော်ဖြစ်စဉ်အပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချလိုက်တဲ့သတင်း၊ အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်းလိုက်ပြီဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/OGtcwZ5QHIQ?si=ExF5ATc5LLt8YQsf #RedNewsAgency #RNA #RedNews
Read More
အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုသည် ဖမ်းဆီးနှိပ်စက်ခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဟု ဆို

အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုသည် ဖမ်းဆီးနှိပ်စက်ခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဟု ဆို

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်ရှိ အထူးတိုင်းစစ်ဌာနနယ်မြေအတွင်း ဗုံးကြဲခံရမှုသည် စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုကိုခံခဲ့ရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့် သတင်းပေါက်ကြားမှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်းစစ်ဌာနက ယနေ့ (စက်တင်ဘာ ၃၀ ရက်) ထုတ်ပြန်လာသည်။ စက်တင်ဘာ (၂၄) ရက်က စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့သည့်နေရာသည် အထူးတိုင်းစစ်ဌာန၏ ဆက်သွယ်ရေးစခန်းနေရာဖြစ်ပြီး နေပြည်တော် လေတပ်စခန်းဌာနချုပ်မှ MiG-29 ဂျက်ဖိုက်တာ လေယာဉ် (၂) စင်းဖြင့် ဗုံးသီး (၄) လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသို့လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် “ရန်သူ (စစ်အုပ်စု) ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရသော မိမိတို့၏ ရဲဘော်များအား အဓမ္မစစ်ကြောမေးမြန်းစဉ် ရရှိသော ထွက်ဆိုချက်များကို…
Read More
စစ်အုပ်စု၏ စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ဒစ်ဂျစ်တယ်လုံခြုံရေး အထူးဂရုစိုက်ကြရန် MIP တာဝန်ရှိသူ ပြော

စစ်အုပ်စု၏ စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ဒစ်ဂျစ်တယ်လုံခြုံရေး အထူးဂရုစိုက်ကြရန် MIP တာဝန်ရှိသူ ပြော

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ မြန်မာနိုင်ငံတွင်း လူသုံးများသည့် လူမှုကွန်ရက်များအပါအဝင် အင်တာနက်အသုံးပြုသူများကို စောင့်ကြည့်နေသည့် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေး ယန္တရားသည် အားကောင်းကောင်းနှင့် လည်ပတ်နေခြင်းကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးဂရုစိုက်ကြရန် မြန်မာအင်တာနက်ပရောဂျက် (MIP) မှ ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က ပြောသည်။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင် (၂၇၀၀) ၏ အချက်အလက်များကို ရရှိထားပြီး (၂၁) ဦးကို ဖမ်းဆီးထားကြောင်း စစ်အုပ်စုက ယခု စက်တင်ဘာ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် တော်လှန်ရေး၌ ပူးပေါင်းပါဝင်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ သို့သော် စစ်အုပ်စု၏ ထုတ်ပြန်မှုသည် ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ပြီး ယင်းအချက်အလက်များကို PRF တာဝန်ရှိသူများအနေဖြင့် အပြည့်အဝစိစစ်ပြီးဖြစ်ကြောင်း၊ အမှန်တရားနှင့် လုံးဝကိုက်ညီမှုမရှိသည့်…
Read More
PRF ထောက်ပို့အဖွဲ့ဝင် ဖမ်းဆီးခံရမှုနှင့် စာရင်းများရရှိထားကြောင်း စစ်အုပ်စု ဖော်ပြမှုသည် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်

PRF ထောက်ပို့အဖွဲ့ဝင် ဖမ်းဆီးခံရမှုနှင့် စာရင်းများရရှိထားကြောင်း စစ်အုပ်စု ဖော်ပြမှုသည် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးတပ်ဖွဲ့များအား ကူညီထောက်ပံ့နေသည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့် အဖွဲ့ဝင်စာရင်းများ ရရှိထားသည်ဟု စစ်အုပ်စုဘက်မှ ထုတ်ပြန်မှုသည် ဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်ပြောထားသည်။ စစ်အုပ်စု၏ ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ တော်လှန်ရေးတပ်ဖွဲ့များအတွက် PRF မှတဆင့် ငွေကြေးထောက်ပံ့ခဲ့သူ (၂၁) ဦးကို ဖမ်းဆီးရမိထားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားပြီး PRF အဖွဲ့ဝင် (၂၇၀၀) ၏ စာရင်းကိုလည်း ရရှိထားကြောင်း ဖော်ပြထားသည်။ စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ WavePay ဖြင့် ထောက်ပံ့သူ (၇၀၀) ဦး၊ NUG Pay ဖြင့် ထောက်ပံ့သူ (၁၀၀၀) ဦးနှင့် SDB…
Read More
စစ်အုပ်စုပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့အား ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံက ပြန်ရုပ်သိမ်း

စစ်အုပ်စုပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့အား ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံက ပြန်ရုပ်သိမ်း

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အုပ်စုပိုင် ဘီယာ၊ အဖျော်ယမကာနှင့် အချိုရည် အမှတ်တံဆိပ်များကို ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံကုမ္ပဏီ Monde Selection က ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း Justice For Myanmar (JFM) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ထားသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးချုပ် Quai d’Orsay ၌ ကျင်းပခဲ့သော လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးကို ဆန်းစစ်အကဲဖြတ်သည့် Monde Selection ၏ ၂၀၂၆ ခုနှစ် ဆုပေးပွဲအခမ်းအနားတွင် ဒဂုံအဖျော်ယမကာကုမ္ပဏိကို ဆုတံဆိပ်များ ပေးအပ်ချိန် Info Birmanie နှင့် Justice For Myanmar တို့က…
Read More
သေဆုံးသူ (၄၉) ဦးအထိရှိလာသည့် ကျောက်တော်ဗုံးကြဲခံရမှုအတွင်း ပါဝင်ပတ်သက်သူများကို လက်တုံ့ပြန်သွားမည်ဟု AA ပြော

သေဆုံးသူ (၄၉) ဦးအထိရှိလာသည့် ကျောက်တော်ဗုံးကြဲခံရမှုအတွင်း ပါဝင်ပတ်သက်သူများကို လက်တုံ့ပြန်သွားမည်ဟု AA ပြော

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူ (၄၉) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၅၈) ဦးထဲတွင် (၂၂) ဦးသည် စိုးရိမ်ရကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၈) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ဈေးရောင်းဈေးတယ်၊ ကုန်တင်ကုန်ချလုပ်ကိုင်သူများအပါအဝင် အများပြည်သူ သွားလာရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည် (၁၂) နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သည့် စစ်ရာဇဝတ်မှုအပေါ်…
Read More
စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၀)ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရ

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၀)ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် (၁၀) ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းပြန်ကြားရေးက စက်တင်ဘာ (၂၇) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ AA တပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း၊ သံတွဲ၊ ရသေ့တောင်၊ ဝီရဌာနီ (ပေါက်တော)၊ ဂွ၊ ကျောက်တော်၊ အဉ္ဇနပူရ (မင်းပြား) တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ ထိခိုက်သေဆုံးခဲ့ခြင်း…
Read More
ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် စက်တင်ဘာ (၂၇) ရက် ညနေ (၆) နာရီ (၄၅) မိနစ်၌ ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ထားသည်။ KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် အသက် (၇၆) နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်သည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ရဲဘော် နနဲပလိုးက Red News Agency ကို ပြောသည်။ ဗိုလ်မှူးကြီးဘုန်းနိုင်၏ နာရေးအခမ်းအနားကို စက်တင်ဘာ (၃၀) ရက်တွင် ကရင်နီပြည်နယ်စပ်တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထားသည်။ ပြီးခဲ့သည့် ဩဂုတ် (၃၀) ရက်ကလည်း…
Read More